Beauty Myth and Truths

လူသိများတဲ့ Beauty အယူအဆအမှားများအကြောင်းနဲ့ အမှန်ပြန်လည်ရှင်းပြချက်များ ။
ကလေးတို့ရေ ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ။ အလှအပရေးရာမှာ စိတ်မှန်းနဲ့မသေချာပဲ ပြောထားတာတွေရှိတယ်ကွယ့် ။ အဲ့ထဲကတစ်ချို့အချက်တွေဆို တော်တော်လူတွေလွဲများစွာလက်ခံနေကြလို့ မမကအမှန်လေးတွေ ပြန်ပြောပြမယ်နော် ။ ဟဲဟဲ ။ စတာပါ ။ အတည်ပြောမယ်နော် ။ Beauty Myth လို့ပဲပြောမလား တစ်လျှောက်အမှန်လို့လက်ခံလာတဲ့ အမှားတွေကို ကျွန်မပြောပြမယ် ။ အမှန်ကရောဘာလည်းဆိုတာလည်း ပြန်ရှင်းပြပါ့မယ် ။ မထင်ထားလောက်အောင်ကို တစ်ချို့အချက်တွေက shock ဖြစ်စရာတွေမို့ ကိုယ်သိထားပြီဆိုရင်လည်း ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေအတွက် ပြန် share ဖို့မမေ့ကြပါနဲ့လို့ ပထမဆုံးပြောချင်ပါတယ် ။ ကဲစလိုက်မယ် ။
၁။ ရေများများသောက်ရင် အသားအရည်စိုပြေစေတယ် ။
ရေဓာတ်နည်းပါးတဲ့အရေပြားက ခြောက်သွေ့တတ်တာမှန်ပေမယ့် skin ရဲ့အစိုဓာတ်ကို ရေသောက်ပြီးထိန်းလို့ရတယ်ဆိုတဲ့ တိကျတဲ့အထောက်အထားမရှိဘူးလို့သိရပါတယ် ။ ရေသောက်ရုံနဲ့တော့ skin စိုလာ ကြည်လာမှာမဟုတ်ပဲ အရေပြားပေါ်ကရေဓာတ်ကို hydrating lotion , moisturizer တွေကသာထိန်းပေးနိုင်တာပါရှင့် ။
၂။ Cream တွေမျက်နှာပေါ်ကိုလိမ်းရင် အပေါ်ပင့်လိမ်းရမယ် ။
ကဲအားလုံးကိုအဲ့ကိစ္စလေးပြောပြချင်တာကြာပါပြီ ။ မျက်နှာပေါ်ကိုတစ်ခုခုလိမ်းရင် အပေါ်ပင့်လိမ်းမှ နို့မို့ဆိုအရေပြားတွဲကျတတ်တယ်ဆိုပြီး အမြဲပြောကြပါတယ် ။ ဒါပေမယ့် ကျွန်မတို့ဘယ်လိုပဲအပေါ်ပင့်လိမ်းလိမ်း အရေပြားက gravity ကြောင့်တွဲကျလာတာပါ ။ ကျွန်မတို့လက်ချောင်းလေးတွေသုံးပြီးပင့်လိုက်ရုံနဲ့တော့ gravity ကြောင့်မလွဲမသွေတွဲကျလာမယ့်အရေပြားကို ပြန်ပင့်နိုင်မှာမဟုတ်ဘူးလို့ပြောပါရစေ ။
၃။ Natural တို့ Herbal တို့ပါတဲ့ပစ္စည်းတွေက တစ်ခြားဟာတွေထက်ပိုကောင်းတယ် ။
အဲ့လိုမဟုတ်ပါဘူး ။ သဘာဝပစ္စည်းဆိုပေမယ့် တစ်ချို့အခြေအနေမှာအသားအရေပေါ်တင်လို့ မသင့်တော်တာမျိုးတွေရှိပါတယ် ။ ဆိုပါစို့ ကျွန်မကိုဆိုတစ်ချို့မိန်းကလေးတွေက moisturizer အစား ရှားစောင်းလတ်ပတ်စစ်စစ်ကိုလိမ်းမယ်ရလားတဲ့ ။ ကျွန်မမသေချာဘူး မလိမ်းပါနဲ့ အဲ့အစားအလားတူပစ္စည်းကိုအခြေခံထားတဲ့ ဈေးကွက်ထဲကပစ္စည်းတစ်ချို့ကိုပြန်ညွှန်းပါတယ် ။ ဘယ်လောက်ပဲသဘာဝပစ္စည်းဖြစ်နေပါစေ ။ သင့်တော်တဲ့အနေအထားထိ ပေါင်းခံတာတွေ ပိုးသတ်တာတွေ မကောင်းတဲ့ဓာတ်ကိုဖယ်ထုတ်ထားတာတွေ မလုပ်ထားဘူးဆိုရင် အသားအရည်အတွက်ဆိုးကြိုးဖြစ်စေပါလိမ့်မယ် ။
၎။ ဝက်ခြံပေါ်သွားတိုက်ဆေးအုံရင် ဝက်ခြံချပ်သွားမယ် ။
သွားတိုက်ဆေးကဘာအပေါ်မှာအုံအုံ အောက်ကအုပ်ထားခံရတဲ့အရေပြားကိုချက်ခြင်းခြောက်သွားစေတဲ့ သတ္တိရှိပါတယ် ။ ဝက်ခြံတွေပေါ်မှာအုံလိုက်ရင် ခြောက်သွားသလိုထင်ရပေမယ့် တစ်ကယ်တန်းသူ့ထဲမှာပါတဲ့ ဖလိုရိုက်လိုပစ္စည်းမျိုးတွေက ဝက်ခြံတွေကိုပိုဆိုးရွားစေပါလိမ့်မယ် ။
၅။ ရေအေးနဲ့မျက်နှာသစ်ရင် ချွေးပေါက်ကျယ်တာသက်သာတယ် ။
မျက်နှာကိုရေခဲတုံးကပ်တာတို့ ရေအေးနဲ့သစ်တာတို့လုပ်ရင် မျက်နှာကချွေးပေါက်တွေကျဉ်းသွားစေတယ်ဆိုပြီး ယူဆနေကြတာယုံကြည်နေကျတာရှိပါတယ် ။ တစ်ကယ်ကြည်ချွှေးပေါက် အရမ်းကျဉ်းထွက်သွားတာမျိုးတော့မဟုတ်ပါဘူး ။ တိုနာတို့ ရွှံ့စေး mask တို့ကကျဉ်းစေတယ်ဆိုပေမယ့် အကြာကြီးသေချာပေါက် ချွေးပေါက်ကျယ်တာကိုလျှော့ချပေးမှာကတော့ retinol တို့ salicylic acid တို့ပါ ။
အခုပြောသွားတာလေးတွေကတော့ skincare အတွက်ဖြစ်ပြီး နောက်ရက်တွေမှာ မိတ်ကပ်နဲ့ပက်သက်တဲ့အမှားလေးတွေကို ရှာဖွေပြောပြပေးပါဦးမယ်ရှင့် ။ သဘောကျအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့် ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။ #phyodaybydayskincareknowledge
#phyodaybyday