Catrice


All About Catrice Eye Products!!!

မင်္ဂလာပါချစ်ရတဲ့ follower အပေါင်းတို့ရေ ။ ကျွန်မရဲ့ blog ပေါ်မှာမြင်ရလေ့မရှိတဲ့ Catrice ရဲ့ product review လေးကို ဒီတစ်ခါတော့တင်ဆက်ပေးချင်ပါတယ် ။ Catrice မှာရှိတဲ့အဓိက eye product လေးတွေဖြစ်ပြီး ဘယ်ဟာတွေလည်း ကျွန်မကရောဘာလေးတွေကြိုက်လည်း ဘယ်လိုသုံးကြမလည်းဆိုတာ ကြည့်လိုက်ကြမယ်နော် ။

Stylo Eyeshadow Pen

Stylo Pen လေးတွေက အရမ်းအလုပ်များတဲ့သူတွေ eyeshaodow လှလှလေးမြန်မြန်ထွက်ဖို့ ကူညီနိုင်ပါတယ် ။ မျက်ခွံပေါ်မှာအဲ့ဒါလေးလိမ်းလိုက်ပြီး အပေါ်ကအရောင်တူ eyeshadow ဖြစ်ဖြစ် setting powder ဖြစ်ဖြစ်ထပ်တို့ပေးလိုက်တာနဲ့ Smokey Eye လှလှလေးထွက်လာပါတယ် ။ တစ်ချောင်းကို ၇၅၀၀ ကျပ်ပါ ။ လှည့်ဖွင့်ပေးရပြီး creamy ဖြစ်သလို အရောင်ထွက်လည်းသိပ်ကောင်းပါတယ် ။ အလုပ်များလွန်းတဲ့ စမတ်ကျကျရုံးတက်တဲ့မမတွေဆောင်ထားသင့်တဲ့ shadow pen လေးပါ ။ Catrice ရဲ့ Eye product ထဲမှာကျွန်မသဘောအကျဆုံးပါ ။

Eye Matic Powder Eyeshadow Pen

တစ်ကယ်လို့အပေါ်က cream eyeshadow ကိုမသုံးတတ်ဘူး pen shadow လိုမျိုးလည်းလိုချင်ပါတယ်ဆိုရင် ဒီ Eye Matic ကပိုအဆင်ပြေပါလိမ့်မယ် ။ အပေါ်က Eyeshadow ပေါင်ဒါထပ်စရာမလိုပဲ တစ်ဆင့်ထဲပြီးပေမယ့် မခြောက်ခင်မြန်မြန် blend ပေးဖို့တော့လိုပါလိမ့်မယ် ။ သူကထိပ်မှာ ချယ်ဖို့ရော blend ဖို့ရော ဖော့ချောင်းလေးပါပြီး အဲ့ကနေပဲ eyeshaodw လေးတွေကထွက်လာတာပါ ။ သူကလည်းဈေး ၇၅၀၀ ပါ ။ မျက်ခွံအဆီပြန်တဲ့သူတွေပိုသင့်တော်ပါတယ် ။

Pret-a-lumiere ( Eyeshadow and Mascara )

Catrice ရဲ့ line အသစ် Pret-a-lumiere ကနေထုတ်ထားတဲ့ Eyeshadow လေးတွေက single shadow လေးတွေတော်တော်လှပါတယ် ။ ဆောင်းရာသီနဲ့တော်တော်လိုက်ဖက်တဲ့အရောင်လေးတွေဖြစ်တာကိုမြင်ရပြီး တစ်ရောင်ထဲဖြစ်စေ တွဲစပ်ချယ်တာဖြစ်စေကြည့်လို့လှပါတယ် ။ Eyeshadow ရဲ့ pigmentation ရော texture ရောပါတော်တော် quality ကောင်းမွန်ပါတယ် ။ Cake သားပေါ်မှာ Lumiere ဆိုတာလေးရေးထားတာလည်း limited edition လေးလိုဆွဲဆောင်မှုရှိပြီး branded ပစ္စည်းလေးတစ်ခုကိုသုံးနေရသလို ခံစားရပါတယ် ။ အငြိမ်ပုံစံပြင်ဆင်ချင်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေအတွက်ပိုသင့်တော်မယ်လို့ထင်ပါတယ်ရှင့် ။ ဈေးနှုန်းကတော့ ၇၈၀၀ ကျပ်ပါ။

Per-a-lumiere ရဲ့ Eyeshadow လေးတွေနဲ့တွဲသုံးဖို့ ထုတ်ထားပေးတဲ့ smokey mascara လေးက waterproof and longlasting ပါ ။ ၁၈ နာရီအထိမျက်တောင်လေးတွေ ဆွဲဆောင်မှုအားကောင်းနေစေပြီး အရည်ပျော်ကျတာမျိုးမဖြစ်ပါဘူး ။ ကျွန်မတစ်ခုသတိထားမိတာ long lasting and waterproof မို့ ဖျက်တဲ့နေရာမှာပိုအားစိုက်ပြီးဖျက်ပေးရပါတယ် ။ ချွေးအရမ်းထွက်တတ်တဲ့သူတွေ အဆီပြန်ပြီမျက်လုံးတစ်ဝိုက်အမြဲကွက်တတ်တဲ့သူတွေနဲ့ပိုအဆင်ပြေမယ့် mascara ပါ ။ ဈေးကတော့ ၉၈၀၀ ကျပ်ပါရှင့် ။

Glam & Smokey Eyeshadow Palette

Classy Smokey Eye ချယ်ဖို့သီးသန့်ထုတ်ထားတဲ့ Silver , Grey , Gun Metal and Balck လေးတွေပါတဲ့ eyeshadow palette လေးပါ ။ ထုံးစံအတိုင်း smokey eye ကိုအချိန်ကုန်သက်သာစွာနဲ့ချယ်နိုင်မယ့် palette ပါ ။ ကျွန်မကတော့ဒါလေးကို ညပွဲတွေအတွက်သီးသန့်သုံးတဲ့ palette အဖြစ်သတ်မှတ်ထားစေချယ်ပါတယ် ။ Catrice မှာဒီ line ထဲမှာတစ်ရောင်ပဲလာတဲ့ palette လေးပါ ။ Eyeshadow color payoff တွေ rich ဖြစ်ပြီး အမှုန်မကျတာကိုတွေ့ပါတယ် ။ ညပွဲတွေများတဲ့အခုလိုရာသီအတွက် အသုံးတည့်မယ့် palette လေးပါ ။ ဈေးကတော့ ၉၆၀၀ ကျပ်ပဲရှိတာမို့ quality ထက်စာရင်ပေးရတာအရမ်းသက်သာတဲ့ palette ပါ ။

Eye & Brow Contour Palette

အခုခေတ်စားနေတဲ့ multi tasker product တစ်ခုဖြစ်ပြီး eyeshadow ချယ်ရုံမကပဲ မျက်ခုံးဆွဲတာပါသုံးလို့ရတဲ့ palette ပါ ။ မျက်ခုံးဆွဲဖို့အတွက် eye contour လုပ်ဖို့အတွက် နောက်နှာခေါင်းဖော်တာလည်း ဒီ palette နဲ့လုပ်လို့ရပါတယ် ။ ပြောင်တာလေးတစ်ရောင်ပဲပါပြီး ကျန်တာတွေကအညိုအနုအရင့်တွေပါ ။ အပြောင်မပါတဲ့အညိုလေးတွေက အမှုန်လေးနည်းနည်းကျတာကြောင့် eyeshadow primer လေးနဲ့တွဲသုံးစေချင်ပါတယ် ။ ခရီးသွားတာဖြစ်ဖြစ် အိတ်ထဲထည့်ယူသွားတာဖြစ်ဖြစ် အများကြီးသယ်စရာမလိုတော့တာ သူ့အားသာချက်ပါ ။ သူ့ကတော့ ၉၀၀ ကျပ်ပေးရပါတယ် ။

Eyeshadow Base

Catrice ရဲ့ foundation နဲ့ဆက်စပ်ပစ္စည်းတွေက mid end quality မှီတဲ့ပစ္စည်းတွေဆိုတာ ကျွန်မသုံးနေရင်းနဲ့အမြဲသတိထားမိတဲ့အချက်ပါ ။ အဲ့ထဲမှာ Eyeshadow base လည်းပါပါတယ် ။ သူ့ eyeshadow တွေကတော့ အရမ်းအံ့သြယူရလောက်အောင် quality ထဲမှာမပါပေမယ့် eyeshadow base နဲ့တွဲလိုက်ရင် အရောင်ထွက်တော်တော်ကောင်းသွားပါတယ် ။ Eyeshadow base က ဆိုးစရာအတံလေးတစ်ခုပါပြီး အဲ့ဒါလေးနဲ့ပါသလောက်ပဲ သုံးရတာမို့ product waste လုံးဝမဖြစ်ပဲ မျက်ခွံပေါ်မှာလည်း cakey မဖြစ်ပါဘူး ။ သူကတော့တစ်ဘူးကို ၈၀၀၀ ပါ ။

Soft tip eyeliner pen

ပုံမှန်ထက်ပိုမည်းနက်တဲ့ eyeliner အရောင်ထွက်တဲ့ soft tip liner pen လေးက wing liner ဆွဲရတာကြိုက်တဲ့မမတွေ သဘောတွေ့မယ့်ပစ္စည်းလေးပါ ။ တစ်ချက်တည်းဆွဲလိုက်တာနဲ့ ထင်ရှားမည်းနက်တဲ့ line ပေါ်လာပြီး တစ်နေကုနိထင်ရှားနေပါတယ် ။ သူ့ကိုတော့ကျွန်မဈေးမသိပါဘူး ။ Pen liner ကြိုက်တတ်သူတွေအတွက် သတိတရနဲ့ထည့်ထားပေးတာပါ ။

အခုလို Catrice Eye Product လေးတွေကိုစုတင်ပေးရတာကတော့ ပွဲလမ်းများတဲ့ရာသီမှာ eye makeup ချစ်သူတွေဈေးဝယ်ရအဆင်ပြေအောင်ပါ ။ အခု review လေးကိုဖတ်ပြီး Catrice product လေးတွေကိုလိုချင်သွားမယ့် ကျွန်မရဲ့ချစ်ရတဲ့ follower တွေအတွက် ကံထူးစေချင်တဲ့အခွင့်အရေးလေးတစ်ခုပေးချင်ပါတယ် ။ အဲ့ဒါကတော့ ဒီ Review လေးကို –
1. public ဖွင့်ပြီး share ပေးပါ ။
2. #phyodaybydaygiveaway #CatriceMyanmar ရယ် ကိုယ်လိုချင်တဲ့ ပစ္စည်းအတွဲလေးကိုရေးပါ ။
ကံထူးသူတစ်ယောက်တည်းကို Giveaway လုပ်ရင် ကျန်တဲ့သူတွေကိုမပေးရတာ စိတ်မကောင်းဖြစ်လို့ ဒီတစ်ခါ သုံးယောက်ကို giveaway ပေးမှာပါ ။ ပစ္စည်းအတွဲလေးတွေကတော့ –
1.Pret-a-lumiere set ( eyeshadow and mascara )
2.Eyeshadow base and Glam & Smokey Palette
3.Eyeshadow base and Eye & Brow Contour Palette တို့ပါ ။ ကဲအားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင့် ။ #phyodaybygiveaway #phyodaybyday