Tranch Coat

Blogger’s Fashion Corner : Trench coat and pencil skirt!!!

မင်္ဂလာပါချစ်ရတဲ့ follower များရှင့် ။ ကျွန်မရဲ့ပစ်ထားတာကြာပြီဖြစ်တဲ့ ကဏ္ဏလေးတစ်ခုကိုပြန်စပါရစေ ။ Fashion Tips လေးတွေပေးတဲ့ Blogger’s Fashion Corner လေးပါ ။ ပြန်လုပ်ဖို့အားယူနေပေမယ့် အကြောင်းမတိုက်ဆိုင်ရာရော မအားတာရောနဲ့ လူတောင်အတော်လေးဝလာပြီ ဟီး ။ ဒီတစ်ခါအတွက်တော့ ငယ်ငယ်ထဲကကိုယ့်ရဲ့အကြိုက်ဆုံးအဝတ်အစားတစ်မျိုးဖြစ်တဲ့ Trench Coat လေးဝတ်နည်းပြောပြမယ်နော် ။

ဆောင်းဝင်လာတော့ ပဲထုတ်လို့နည်းနည်းပိုကောင်းလာပြီ ။ ကိုယ့်မှာဆိုဝယ်သိမ်းထားရတဲ့ Jacket တွေအများကြီးပဲ အေးတာကိုမျှော်နေတာ ။ စတောင်မအေးရသေးဘူး ကိုယ်ဥထားတာလေးတွေကို ထုတ်ဝတ်ပါပြီ ။ ဒီနေ့တော့ coat တွေထဲမှာမှပိုစတိုင်ကျတယ်လို့ကိုယ့်ဟာကိုယ်ထင်တဲ့ Trench Coat လေးဝတ်ပါတယ် ။ Trench Coat တွေကများသောအားဖြင့် အရှည်ကြီးတွေ ကော်လာကြီးကြီး ခါးချည်တဲ့ကြိုးတစ်ချောင်းပါပါတယ် ။ ကာကီရောင် စစ်စိမ်းရောင်တွေဝတ်ကျတာများပြီး အအေးပိုင်းဒေသကလူတွေပဲအဝတ်များကြပြီး ကျွန်မတို့လိုပူတဲ့နေရာကသူတွေ သိပ်ဝတ်လေ့ရှိတာကိုမမြင်ရတဲ့ အဝတ်အစားတစ်မျိုးပါ ။ ကိုယ့်လိုပဲ trench coat ကြိုက်တယ် သိပ်မအေးတော့ဘယ်လိုဝတ်ရမယ်မှန်းမသိဖြစ်နေသူတွေအတွက် ကိုယ်ဝတ်ဖြစ်တာလေးကို ဝေမျှလိုက်ပါတယ် ။

သိပ်လည်းမအေး Trench Coat နဲ့ကလည်း ရှိုးထုတ်ချင်ကြရင် လက်မပါတဲ့ trench coat ပုံစံကိုရွေးဝယ်ပါ ။ အသားအထူတွေနဲ့ချုပ်ထားတာတွေလည်းရှိလို့ ကျွန်မလို crepe ပုံစံပျော့ကျနေတဲ့အသားမျိုးရွေးတာ ဒီဘက်ပိုင်းမှာပိုအဆင်ပြေပါလိမ့်မယ်ရှင့် ။ Coat အောက်ကနှစ်သက်ရာနဲ့တွဲဝတ်လို့ရပြီး ခန္ဓာကိုယ်အကျပ်ပုံစံဆိုပိုလိုက်ပါတယ် ။ Skinny Jeans , Short Dress , Short Pants စတာတွေနဲ့တွဲဝတ်လို့ရပါတယ် ။ ကျွန်မကတော့ pencil skirt နဲ့တွဲဝတ်ပါတယ် ။ စကပ်အကျပ်ကို အမည်းရောင်ကြိုးတစ်ချောင်း bodysuit လေးနဲ့တွဲဝတ်လိုက်တဲ့အခါ ချပ်ရပ်ပြီးအရမ်းဆွဲဆောင်မှုရှိသွားတယ် အပေါ်က Trench Coat ဝတ်လိုက်ရင် လူတိုင်းကကိုယ့်ကိုနှစ်ခါပြန်ကြည့်ကြမှာသေချာပါတယ် ။ ဖိနပ်ကိုတော့ Peep Toe Heel လေးစီးလိုက်ပါတယ် ။ Outfit တစ်ခုလုံးက အရမ်းဆွဲဆောင်မှုရှိပြီး အတိုလည်းမဟုတ်တဲ့အတွက် ထိုင်ရခက်ထရခက်လည်းဖြစ်မနေပါဘူး ။

မိတ်ကပ်ကတော့ ရိုးရိုး wing liner မည်းမည်းလေးကို နှုတ်ခမ်းအရောင်ရင့်ရင့်လေးနဲ့ပါ ။ ဆံပင်ကိုအကောက်သေးလေးတွေကောက်ထားပါတယ် ။ အိတ်လေးက suede clutch အမည်းလေးကိုကြိုးရှည်ရှည်လေးနဲ့လွယ်ပါတယ် ။ ခန္ဓာကိုယ်အချိုးအစားကတော့ နည်းနည်းဝလာပါတယ် ။ အရင်ကလိုပိန်ပိန်လေးဖြစ်မနေပေမယ့် အခုခန္ဓာကိုယ်နဲ့လည်းနေရတာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါတယ် ။ ဗိုက်ပူတယ်ပြောပြောခါးတုတ်တယ်ပြောပြော ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားဝတ်လိုက်ရင် လူတွေမျက်လုံးထဲအဆင်ပြေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသွားတာပဲပေါ့ ဟဲဟဲ ။ ကဲအားလုံးသဘောကျမယ်လို့ထင်ပါတယ်နော် ။ နောက်ရက်တွေမှာလည်း ဒါမျိုးလေးတွေပုံမှန်လုပ်ပေးမယ်နော် ။ ကောင်းသောညလေးပါရှင့် ။

#phyodaybyday
#phyodaybydayfashioncorner