Etude House Blush

Etude House Color in Liquid Lips

မနေ့က etude house ရဲ့ cushion လေးတွေပြောပြီးတော့ ဒီနေ့အတွက်တော့ သူတို့အထဲမှာမျက်စိအကျဆုံး color in liquid lips လေးတွေအကြောင်းပြောပေးပါမယ် ။ ဒါလေးတွေကတော့ matte cream လေးတွေဖြစ်ပြီး ချစ်စရာကောင်းသလို ပေါ့ပါးတဲ့အသွင်ကိုဆောင်တဲ့ lip color လေးတွေပါ ။ ကျွန်မစစတွေ့ချင်းတုန်းက သူ့ရဲ့ packaing ပေါ်ကိုမျက်စိလ်ာပြီး lipstick အတောင့်လေးတွေလို့ပဲထင်နေတာ ဖွင့်လိုက်မှ lipstick လေးတွေက ဘူးလေးတွေမှန်းသိတော့တယ် ။ သူ့ကိုဝယ်လာဖြစ်တာကတော့ အဓိက မိတ်ကပ်ပါးပါးပြင်တဲ့နေရာမှာ ထည့်ဆိုးဖို့ပါ ။ မိတ်ကပ်ပါးပါးနဲ့ကြည်ကြည်ပြင်ရင် အနောက်တိုင်းကလာတဲ့ lip color formula တွေထက် Korean cosmetics တွေထဲက lipstick တွေကပိုပြီးသဘာဝဆန်ပါတယ် ။ Lipcolor လေးတွေအကုန်လုံးကို lip tint လိုနှုတ်ခမ်းအလယ်လောက်မှာပိုအရောင်ထင်းပြီးဆိုးကြတာများပါတယ် ။ အခုရက်ပိုင်း Korean Makeup ကိုလေ့လာချင်လို့ အိမ်ကလူတွေနဲ့ Korean Drama Series တွေရောကြည့်ပြီး မင်းသမီးတွေကိုသေချာစေ့စေ့စပ်စပ်လိုက်ကြည့်နေတာကြောင့် အိမ်ကလူတွေပါအထူးအဆန်းဖြစ်နေပါတယ် ။ နောက်ရက်ကျရင် Korean Makeup Look Tutorial လေးလုပ်ပေးပါမယ် ။ အခုတော့နှုတ်ခမ်းဆိုးဆေးလေးအကြောင်း ပြန်ဆက်လိုက်ကြရအောင် ။

Color in Liquid lips တွေရဲ့ color range က ပန်းရောင်ကနေ ကြက်သွေးအထိသွားထားတာတွေ့ရပြီး သွေးရောင်လွှမ်းတဲ့ နှုတ်ခမ်းတစ်စုံ မိန်းမသားဆန်တဲ့ နှုတ်ခမ်းတစ်စုံကို ဖန်တီးချင်တဲ့အခြေခံနဲ့ထုတ်ထားတယ်လို့ခံစားမိပါတယ် ။ Liquid lipstick ထက် Matte Gloss type မျိုးပိုဆန်ပါတယ် ။ ကျွန်မအနီဘက်ရောက်တာတစ်ရောင် ပန်းရောင်နှစ်ရောင် ဘယ်ရီရင့်ရင့်တစ်ရောင်ဝယ်လာပါတယ် ။ နှုတ်ခမ်းနီတောင့်ပုံစံမျိုးထုတ်ထားပေမယ့် Lipstick ဆိုးတဲ့အတံနဲ့ lip color အရည်က အဲ့ဘူးလေးထဲမှာပါပြီးလှည့်ဖွင့်ရတာပါ ။ Packaging ရော color range ရောက အရမ်းနူးညံ့ပြီး မိန်းမသားဆန်ပါတယ် ။ အရမ်းပေါသလိုပုံမျိုးလည်းမပေါက်သလို high end တွေမှာတွေ့ရတဲ့ luxury ဆန်တဲ့ပုံစံမျိုးလည်းမတွေ့ရပါဘူး ။ အမျိုးသမီးငယ်တွေနဲ့ပိုလိုက်ဖက်တဲ့ အရောင်နဲ့ထုတ်ပိုးမှုတွေပါ ။

Lip color ကိုကျွန်မနှစ်မျိုးဆိုးကြည့်ပါတယ် ။ တစ်ခုကတော့ပုံမှန် liquid lipstick တွေဆိုးသလို lip liner ကွပ်ပြီး နှုတ်ခမ်းမှာအပြည့်ဆိုးလိုက်တာပါ ။ အဲ့အချိန်မှာနှုတ်ခမ်းပေါ်မှာ lip color ကတစ်သားတည်းဖြစ်မနေပဲ မျက်နှာပေါ်မှာနနှုတ်ခမ်းကစိုစိုရွှဲရွှဲကြီးနဲ့ သပ်သပ်ကြီးဖြစ်နေပါတယ် ။ အဲ့အချိန်မှာတော်တော်စိတ်တိုင်းမကျဖြစ်သွားပြီး စိတ်လည်းဆိုးသွားမိပါတယ် ။ ဒါပေမယ့်ကျွန်မ ညရောက်တော့ ရုပ်ရှင်ထဲကမင်းသမီးလေးတွေ နှုတ်ခမိးကိုအလယ်နေရာလောက်သာအရောင်သေချာထည့်ပြီး အပြင်ဘက်ကိုသေချာဖျော့ကျသွားအောင် blend ထုတ်ထားတာမြင်တော့ အဲလိုဆိုးမှအဆင်ပြေမယ်ဆိုတာနားလည်ပြီး lipstick တွေကိုထပ်စမ်းကြည့်တဲ့အခါ ထင်မထားလောက်အောက်ကို လှပတဲ့ lip color လေးတွေထွက်လာပါတယ် ။ အလယ်နေရာမှာအရောင်ထင်းပြီး ဘေးဘက်ကိုပြန့်ထွက်သွားတဲ့ပုံစံလေးမို့ ကျွန်မရဲ့နှုတ်ခမ်းသေးသေးလေးတွေကပြည့်ပြီးထူသယောင်ဖြစ်သွားပါတယ် ။ အရောင်တွေကလည်း ပြေပြေလေးနဲ့တော်တော်ကြည့်ကောင်းပါတယ် ။

ဒီ lipstick လေးတွေက matte ပုံစံဆိုပေမယ့် နှုတ်ခမ်းသားပေါ်မှာခြောက်ကပ်မသွားလို့ နှုတ်ခမ်းသားခြောက်တဲ့သူတွေနဲ့ပိုသင့်တော်ပါတယ် ။ နှုတ်ခမ်းသားပေါ်မှာအရောင်တွေ တစ်နေကုန်ခံပါတယ် ။ Matte အစစ်မဟုတ်တာကြောင့် နေရာရွေ့နိုင်ပါတယ် ။ နေရာရွေ့မှာကြောက်တဲ့သူတွေကဆိုးပြီးရင် transparent powder/setting powder လေးတစ်ထပ်အုပ်တာဖြစ်ဖြစ် တစ်ရှုးတစ်လွှာလောက်အပေါ်ကနည်းနည်းဖိပေးတာဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ် ။ သူ့ရဲ့ခြောက်မသွားပဲနေရာရွေ့တာကိုအရင်ကအားနည်းချက်လိုမြင်မိပေမယ့် အဲ့လိုနေရာရွေ့လို့ရလို့ Gradient lip လို့ခေါ်တဲ့ korean style အလယ်ကထင်းပြီး အစွန်းနားကိုဖျော့ထွက်သွားတဲ့ lipcolor ပုံစံဆိုးလို့ရတာပါ ။ ကျွန်မတို့ပုံမှန်ဆိုးနေကျ matte lipstick တွေကအဲ့လိုဆိုးလို့မရပါဘူး ။ ဆိုးတော့မယ်ဆိုရင် lip color အနည်းငယ်ကိုလက်ချောင်းထိပ်လေးနဲ့ယူပါ ။ နှုတ်ခမ်းအတွင်းဘက်နဲ့အလယ်နေရာကိုပုတ်ပြီးအရောင်ထည့်ပေးပါ ။ လက်ချောင်းမှာကျန်တာလေးနဲ့ အပြင်ကိုဖြန့်ထုတ်ပေးပါ ။ Touch Up ကိုလည်းအဲ့နည်းအတိုင်းပဲ လုပ်ပေးရပါတယ် ။

ဒီ lipstick လေးတွေက တစ်ချောင်းကို 1,1400 ကျပ်ပေးရပါတယ် ။ Junction Square ရဲ့ Ground floor က Etude House ကောင်တာကနေဝယ်ခဲ့တာပါ ။ အရောင်က ၂၀ လောက်ရွေးစရာတွေရှိပါတယ် ။ ကျွန်မရွေးလာတဲ့ ၄ ရောင်ထဲက ပန်းရောင်နှစ်ရောင် PK 003 နဲ့ PK 008 တို့ကို Follower ထဲမှာ ကံထူးသူနှစ်ယောက်ကိုပြန် give away လုပ်ပေးပါ့မယ် ။

Give Away အတွက်စည်းကမ်းလေးတွေက
၁. ဒီပို့စ်ကို heart ( love ) လေးပေးပေးပါ။
၂. ကိုယ့် wall ပေါ်ကို public post အနေနဲ့ဖွင့်ပြီး share ပေးပါ ။
၃. Share တဲ့အခါမှာ #EtudehouseMyanmar နဲ့ #phyodaybyday ဆိုတဲ့ tag လေးနှစ်ခုထည့်ပေးပါ ။
အဲ့သုံးချက်လုပ်ထားတဲ့သူတွေထဲက နှစ်ယောက်ကိုပြန်မဲနှိုက်ပေးပါမယ် ။ Post ကိုမနက်ဖြန်ညနေ ၆ နာရီအထိ share လို့ရပါတယ် ။ ကံထူးသူလေးတွေဖြစ်ကြပါစေနော် ။ သဘက်ခါမနက်ကျမှကြေငြာပေးမယ်နော် ။ အားလုံးကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။
#phyodaybyday