Klarity Lasertox

Klarity Lasertox V shape up တစ်ကယ်သိသာသလား ???

အဖြေကတော့ ဟုတ်ကဲ့သိသာပါတယ် ။ အမှန်အတိုင်းပြောရရင် ကျွန်မကအမြဲခပ်သွယ်သွယ်နဲ့ မျက်နှာကျကသူ့ဟာသူအဆင်ပြေပြီးသားမို့ V shape ဘာညာကို လုံးဝစိတ်မဝင်စားခဲ့ပါဘူး ။ Klarity ရဲ့ပစ္စည်းတွေနဲ့အကြာခဏဆုံးဖြစ်ခဲ့ပေမယ့် တစ်ခါမှမစမ်းခဲ့ဖူးပါဘူး ။ ပြီးခဲ့တဲ့လက Clover Skincare & Cosmetics မှာပွဲလုပ်ရင်း Klarity ကနေကျွန်မနဲ့အလုပ်တွဲလုပ်ချင်ပါတယ် ကမ်းလှမ်းခဲ့ပြီး သူတို့ရဲ့နာမည်ကြီး V shape mask ကို full size ရော refill ပါထည့်ပေးလိုက်ပါတယ် ။ ကျွန်မလည်းလုပ်မယ်မလုပ်မယ်မသေချာသေးပါဘူး ဒါပေမယ့်စမ်းကြည့်ပြီးပြီးမှအကြောင်းပြန်ပါရစေပြောခဲ့ပြီး အဆင်ပြေတဲ့တစ်ချိန်တော့စမ်းမယ်လုပ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ် ။
တစ်လောကတော့ ကျွန်မဝိတိတွေတက်လာပြီး မျက်နှာပါပြည့်ဖောင်းဖောင်းကြီးဖြစ်နေပါတယ် ။ မျက်နှာကိုသွယ်မှ မေးရိုးတစ်လျှောက်အဆီမရှိမှသဘောကျတဲ့ကျွန်မ ကိုယ့်ဟာကိုယ်ကြည့်ပြီးစိတ်တိုင်းမကျ လေ့ကျင့်ခန်းတွေလုပ်နဲ့ ရှုပ်နေတာပါပဲ ။ အဲ့ကျမှ V shape ကိုသတိရပြီး ဘာပဲဖြစ်ဖြစ်စမ်းလိုက်မယ်ဆိုပြီး mask ကိုမေးစေ့နဲ့မေးရိုးတစ်လျှောက်မှာကပ် သိုင်းတဲ့ကြိုးတပ်ပြီး တစ်နာရီလောက်ထားလိုက်ပါတယ် ။ အရင်ကထင်တာ ဒီဟာတွေကိုလနဲ့ချီတပ်ရတယ် ချက်ခြင်းမသိသာဘူးထင်နေတာပါ ။ ကျွန်မမေးသိုင်းကြိုးဖြုတ်တာနဲ့ မျက်နှာကသိုင်းကြိုးပုံစံခွက်အတိုင်း ချွန်ချွန်လေးနဲ့ မျက်နှာအပြင်ဘက် မေးရိုးတစ်လျှောက်က အဆီတွေလုံးဝမရှိတော့ပဲ မေးကချွန်ထွက်လာပြီးတော်တော်ကြည့်ကောင်းသွားပါတယ် ။
ဒီနေရာမှာတစ်ခုရှင်းပြပါရစေ ။ တစ်ချို့ကထင်တာ ဒီလောက်မေးရိုးကြီးကို တစ်နာရီထဲနဲ့ဘယ်လို V ပုံလုပ်လို့ရမှာလည်းအပိုတွေဆိုပြီးတော့ထင်မှာပါ ။ လူတိုင်းမှာမေးရိုးပုံစံမျိုးစုံမတူကြပေမယ့် မေးစေ့နေရာလေးက V ပုံဖြစ်နေတာခြင်းတူပါတယ် ။ အဲ့နေရာမှာအဆီရှိတဲ့သူက မေးနှစ်ထပ်တွေဖြစ်တာတို့ မျက်နှာဝိုင်းဝိုင်းတွေဖြစ်သွားတာတို့ ပုံစံပြောင်းသွားတာပါ ။ အခု mask ကမေးရိုးကြီးကိုပုံစံပြောင်းလိုက်တာမဟုတ်ပဲ မေးစေ့ကိုပုံစံခွက်ထဲထည့် ဘေးကအဆီတွေကိုချပြီး adjust လုပ်ပေးလိုက်တာပါ ။ ကျွန်မရဲ့လေးထောင့်ကျတဲ့မေးရိုးကတော့ရှိဆဲ ရှိမြဲပါ ။ ဒါပေမယ့် မေးကတော့အဆီပိုတွေကျသွားလို့ပိုချွန်လာတယ် မျက်နှာအောက်ဆုံးမှာ V shape ဖြစ်သွားတယ်ပေါ့နော် ။ အခုလောက်ဆိုရှင်းသွားပြီထင်ပါတယ် ။
ပြီးတော့ဒီ mask က lasertox လို့ပြောထားတဲ့အတိုင်း botox လိုပဲသုံးတဲ့အချိန်ကနေ အချိန်တစ်ခုထိပဲထိန်းပေးထားနိုင်မှာပါ ။ အဆီတွေပြန်စားရင် အဆီပြန်တက်မှာပါ ။ တစ်သက်လုံးအဲ့လို V လေးဖြစ်မနေပါဘူး ။ တစ်ကယ်လို့ကိုယ်က တစ်ချိန်လုံး V shape လေးဖြစ်ချင်ရင် မကြာခဏလုပ်ပေးလို့ရပါတယ် ။ တစ်ခါလုပ်ရင် သုံးရက်လောက်ပုံစံကျနေပြီး တစ်ပတ်ကိုတစ်ခါလောက်ဆိုလုံလောက်ပါတယ် ။ မေးနှစ်ထပ်ရှိသူတွေကတော့ ပျောက်သွားတဲ့အထိဂရုစိုက်လုပ်ပေးသင့်ပါတယ် ။ အမျိုးသမီးရော အမျိုးသားပါသုံးလို့ရပါတယ် ။
သုံးတဲ့ပုံကတော့ သူ့မှာပါတဲ့ Mask လေးကို မျက်နှာသစ်ပြီးရင် ကိုယ့်မေးရိုးတစ်လျှောက်မှာကပ် ။ မိနစ် ၆၀ လောက်နေ ။ ပိုဝတယ်ဆိုရင် မိနစ် ၉၀ လောက်အထိနေ ။ ပြီးရင်ချွတ်လိုက်ပါ ။ mask ရဲ့အဆီလေးတွေကို ရေဆေးချဖို့မလိုပဲ ခြောက်တဲ့အထိခဏထား ပြီးရင်သူ့မှာပါတဲ့ ချုပ်ဆေးလို့ပြောလို့ရတဲ့ cream လေးနှိုပ်ပြီးလိမ်းပေး ။ အဲဒါဆိုနောက်သုံးလေးရက်အထိ မျက်နှာလေးကအခုလိုဖြစ်သွားပါပြီ ။ Klarity ရဲ့ brand ambassador မင်းသမီးလေးဆိုနေ့တိုင်းတောင်သုံးတယ်လို့ ကြားဖူးပါတယ် ။
သူ့ရဲ့ဈေးကတော့ 65000 ကျပ်ဝန်းကျင်ဖြစ်ပြီး Full size နဲ့ Refill ဆိုပြီး နှစ်ရောင်လာပါတယ် ။ Full size မှာ မေးစေ့ကပ်တဲ့ mask လေးခြောက်ခု ၊ ချုပ်ဆေးလေးတစ်ဘူးနဲ့ ၊ သိုင်းကြိုးလေးတစ်ခုပါပါတယ် ။ Refill မှာတော့ သိုင်းကြိုးမပါတော့ပါဘူး ။ နောက်တစ်ခုစိတ်တိုင်းကျတာက မေးသိုင်းကြိုးကစီလီကွန်နဲ့လုပ်ထားလို့ နေရတာတော်တော်သက်သာပြီး မြင်ရတာလည်း အရမ်းမဆိုးပါဘူး ။ သိတယ်မလား ကိုယ်ကလှချင်လို့လုပ်သာလုပ်ရတာ အိမ်ကလူတွေကသူတို့မမြင်ဖူးတာလုပ်ပြီဆို အထူးတဆန်းနဲ့ကဲ့ရဲ့တတ်ကြတယ်လေ ။ ပြောရင်းနဲ့တစ်ခြားရောက်သွားပြီ ။ Klarity ရဲ့ quality က တော်တော်ကောင်းမွန်တာတွေ့ရပါတယ် ။ ပုံမှန်ဆိုဒါမျိုးတွေ သိပ်လုပ်လေ့မရှိတဲ့ကျွန်မတောင် ဒါလေးလုပ်ရတာစွဲလာပြီဆိုတော့ သူ့အရည်အသွေးလေးကို စဉ်းစားကြည့်ပါပေါ့နော် ။
သူ့ကိုဝယ်လို့ရတဲ့နေရာတွေကတော့ အများကြီးဖြစ်ပြီး ကျွန်မအနီးဆုံးညွှန်ပေးနိုင်တာတော့ Clover Skincare & Cosmetics ပါ ။ သူတို့ရဲ့ facebook page လည်းရှိတာမို့ သိချင်တာတွေကိုသွားရောက်မေးမြန်းလို့ရပါတယ် ။ ကျွန်မသုံးစွဲပြီးပုံအဆင့်ဆင့်နဲ့ ကျွန်မညီမလေးသုံးတာပိုသိသာလို့ အဲဒါလေးပါထည့်ပြထားပါတယ် ။ ပုံလေးတွေအဆင်မပြေရင်လည်းသည်းခံပေးကြဖို့ မျှော်လင့်ပါတယ်ရှင့် ။ ကောင်းသောညလေးဖြစ်ကြပါစေရှငိ ။ #phyodaybyday #phyodaybydaygiveaway

4,177 Comments