Selfie Tips

Social Influencer ” Selfie Tips “

ချစ်တို့ရေ ကျွန်မဒီလထဲမှာ OPPO နဲ့ပက်သက်တဲ့ပွဲလေးတစ်ခုတက်ရောက်စရာရှိလို့ သူတို့ရဲ့ပွဲလေးနဲ့ပက်သက်တဲ့ selfie tip article လေးတစ်ခု အရင်ဆုံးရေးပြချင်ပါတယ် ။ ကျန်တာတွေကနောက်မှ ဘာဆက်လုပ်မလည်းဆိုတာပြောပြမယ်နော် ။ ဒီနေ့တော့ selfie ရိုက်ရင် လှလှလေးထွက်အောင် လူတွေငေးရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြမယ်နော် ဟဲဟဲ ။
Selfie ကအဓိကကတော့ camera angle နဲ့အလင်းအမှောင်ပါပဲ ။ selfie ရိုက်တော့မယ်ဆိုရင်
၁။ အလင်းရောင်အပြည့်အဝရတဲ့နေရာ သို့မဟုတ် ကိုယ်ရှိနေတဲ့နေရာဝန်းကျင်မှာ selfie ရိုက်ရင်အမိုက်ဆုံးပုံထွက်နိုင်မယ့် အလင်းရောင်ကိုရှာပါ ။
၂။ Camera ကို မျက်နှာတစ်ဝိုက်ချိန်ပါ ။ အပေါ်ကိုအရမ်းပင့်တာ အောက်ကအရမ်းပင့်ရိုက်တာမျိုးမလုပ်မိပါစေနဲ့ ။ မေးစေ့နဲ့တစ်ပြေးညီ ဒါမှမဟုတ် မျက်နှာနဲ့တစ်ပြေးညီနေရာကို ph screen ထဲမှာပေါ်အောင်ချိန်ပါ ။
၃။ ကိုယ့်မျက်နှာကိုဘယ် angle ကအလှဆုံးဆိုတာ သတိထားပြီးရိုက်ပါ ။ ကျွန်မဆိုမျက်နှာကျယ်လို့ အတည့်လည်းမဟုတ် ဘေးတိုက်လည်းမဟုတ်တဲ့နေရာကဆို ပိုသွယ်ပြီးရှည်သယောင်ရှိလို့ အဲ့အနေအထားကိုအမြဲရိုက်ဖြစ်ပါတယ် ။
၎။ ခါးဆန့်ပြီးပုခုံးဖွင့်ထားပါ ။ လည်ပင်းဆန့်ထားပါ ။ ခန္ဓာကိုယ်ကပုံထဲမပါပေမယ့် အနေအထားမှန်တဲ့ကိုယ်ခန္ဓာက လည်ပင်းနေရာနဲ့ မျက်နှာအနေအထားကို အထောက်အပံ့ပေးပါတယ် ။
၅။ နောက်ဆုံးတစ်ချက်ကတော့ မျက်လုံးကိုအရမ်းအသေကြီးမထားပါနဲ့ ။ ပြုံးတဲ့အခါဖြစ်တဲ့မျက်လုံးအရောင်တောက်တာမျိုး တစ်ခုခုကို စိတ်ဝင်စားတဲ့အခါဖြစ်တဲ့ မျက်လုံးအရောင်တောက်တာမျိုးက ပုံထဲမှာအရမ်းအသက်ဝင်ပါတယ် ။ စမ်းကြည့်ပါ ။ ဒီဟာလေးတွေကတော့ ကျွန်မစဉ်းစားမိသလောက် selfie tips လေးတွေပါ ။ ဒီလလယ်လောက်မှာ ကျွန်မတို့ဆီမှာစတင်ဖြန့်ဖြူးနေပြီဖြစ်တဲ့ Selfie ဘုရင် OPPO F1s နဲ့ဘာတွေလုပ်ဖြစ်မလည်းဆိုတာ စိတ်လှုပ်ရှားစွာစောင့်ကြည့်လိုက်မယ်နော် ။

#OPPOSelfieFashion
#phyodaybyday

1 Comment

Leave Your Comment