လူသိများတဲ့မိတ်ကပ်နဲ့ပက်သက်တဲ့ အယူအဆအမှားများနဲ့ အမှန်ပြင်ဆင်ချက်များ

အရင်တစ်ခါ skincare ပြီးသွားတော့ ဒီတစ်ခါတော့မိတ်ကပ်တွေပေါ့နော် ။ ကဲဘာတွေပါလည်းကြည့်လိုက်ရအောင် ။

၁။ အားလုံးလုပ်တတ်ကြတဲ့ကိစ္စပါ ။ Foundation ကိုလက်ဖမိုးပေါ်မှာစမ်းတာလေ ။ အရမ်းမှားပါတယ် ။ UV တွေထိထားတဲ့လက်က မျက်နှာက skin နဲ့လုံးဝမတူနိုင်ပါဘူး ။ အဲဒါကြောင့် foundation ကိုမေးရိုးပေါ်မှာပဲအကြောင်းလေးတွေဆွဲပြီး ယှဉ်ရွေးပါနော် ။

၂။ အခုခေတ်စားလာပြန်တဲ့ ပြဿနာတစ်ခုပေါ့နော် ။ အရောင်ကွန်စီလာတွေအမြဲသုံးရင် အသားရောင်ပိုညီတယ်ဆိုတဲ့ အယူအဆက အလုံးစုံမှန်ကန်ချင်းတော့မရှိပါဘူး ။ Makeup skill ကောင်းသူသုံးရင်ဘာမှမဖြစ်ပေမယ့် မလိမ်းတတ်တဲ့သူသုံးရင် အရောင်တွေမညီပဲပိုဆိုးသွားနိုင်ပါတယ် ။ မျက်နှာပေါ်က imperfection တွေဖုံးအုပ်ဖို့ အလိုအပ်ဆုံးကွန်စီလာအရောင်က ကိုယ့်အသားရောင်နဲ့ထပ်တူကျတဲ့အရောင်ကိုပါ ။

canada goose ၃။ Eyeshadow ချယ်ရင်မျက်လုံးအရောင်နဲ့ဆင်တူ ဒါမှမဟုတ် အင်္ကျီအရောင်နဲ့ဆင်တူချယ်ရမယ်ထင်နေတာမှားပါတယ် ။ ကျွန်မလေအပြာအင်္ကျီဝတ် အပြာရောင် eyeshadow နဲ့ match လုပ်ထားရင် cartoon ထဲက smurf လေးတွေကိုပြေးမြင်မိပါတယ် ။

ကိုယ့်မျက်လုံးအရောင်နဲ့ contrast ဖြစ်တဲ့အရောင်မျိုးက မျက်လုံးကိုရော eyeshadow ကိုရောပိုထင်သာစေပါတယ် ။ ဥပမာ ကျွန်မတို့လိုမျက်လုံးအညိုလေးတွေဆို ခရမ်းနဲ့အရမ်းလိုက်ဖက်ပါတယ် ။

canada goose ၄။ Mascara အတံလေးမှာခဲနေမှာဆိုးလို့ mascara အတံလေးကို tube ထဲထုတ်ချည်သွင်းချည်လုပ်တာမြင်ရင် ခေါင်းခေါက်ချင်ပါတယ်  /react-text

အထဲကိုလေတွေဝင်ကုန်ပြီး mascara တွေပိုခဲကုန်တာပေါ့လို့ ။

၅။ မျက်တောင်ကော့တဲ့အခါ ပိုကော့စင်းသွားအောင် eyelash curler ကို dryer နဲ့ပူအောင်မှုတ်ပြီးမှသုံးရမယ် ။ တစ်ကယ်တော့ dryer နဲ့မှုတ်တဲ့အခါအရမ်းပူပြီးမျက်ခွံထိသွားတတ်ပါတယ် ။ ကျွန်မအကြံပေးချင်တာကတော့ eyelash curler ကိုအပူသုံးချင်ရင် ရေနွေးလေးဖွင့်ပြီးခဏလောင်းပေးတာကပိုကောင်းပါတယ် ။

၆။ အနီရောင်နှုတ်ခမ်းနီက လူတိုင်းနဲ့မလိုက်ဘူး ။ မှားပါတယ် ။ ကိုရွေးတဲ့အနီရောင်က ကိုယ့်အသားနဲ့ဟပ်ဖို့ပဲလိုတာပါ ။ ကျွန်မတို့လို warm skintone တွေကတော့ fire engine red နဲ့လိုက်ပါတယ် ။ ပိုအသားညိုတဲ့သူတွေက crimson red နဲ့လိုက်ပါတယ် ။  /react-text

၇။ Lip Plumper တွေသုံးရင် နှုတ်ခမ်းထူလာတယ် ။ တစ်ကယ်တော့ lip plumper တွေထဲမှာ ပူတဲ့စပ်တဲ့ ingredients တွေထည့်ထားတာမို့ နှုတ်ခမ်းခဏရောင်တက်လာတာပါ ။ တစ်ကယ်ကြီးထူလာတာမျိုးတော့မဟုတ်ပါဘူး ။

နောက်တစ်ခုမှာတော့ Nails & Hair Beauty Myth တွေနဲ့အဆုံးသတ်ပါမယ် ။ အဲ့ဒါလေးပြီးရင်တော့ မိတ်ကပ်အတွက် cheat လုပ်တဲ့နည်းလေးတွေတင်ပေးပါမယ်နော်  /react-text

ကောင်းသောညလေးဖြစ်ကြပါစေရှင် ။ #phyodaybyday

အသက်အရွယ်အလိုက် sunscreen ရွေးချယ်ပုံများ ။

မင်္ဂလာပါချစ်တို့ရေ ။ တစ်နှစ်လုံးမှာမိုးရွာတဲ့အချိန်ကလွဲလို့ နေအမြဲပူနေတတ်တဲ့ ကျွန်မတို့နိုင်ငံမှာ နေလောင်ဒါဏ်ကြောင့်ဖြစ်တဲ့အသားအရည်ပြဿနာတွေ အမျိုးသမီးတိုင်းကြုံကြရပါတယ် ။ Suncare တွေကို အသက်ကြီးမှ အမည်းစက်တွေထွက်လာမှ အသည်းအသန်စသုံးတာထက် အသက်ငယ်တုန်းထဲက သေချာရွေးချယ်သုံးစွဲရမှာပါ ။ ဈေးကွက်ထဲမှာက product တွေမျိုးစုံရှိပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ထုတ်လုပ်ထားတာကြောင့် ဘယ်အရွယ်မှာဘယ်လို sunscreen ကိုရွေးသုံးရမယ်ဆိုတာလေး ကျွန်မပြောပြပေးပါမယ် ။

အသက် ၂၀ အတွင်း

Teenage ကနေစလို့ အသက်၂၀ အစပိုင်းအရွယ်တွေမှာ အရေပြားမှာရှိတဲ့ အဆီဂလင်းတွေရဲ့ အဆီထုတ်လပ်ြမှုများပြားပြီး ဝက်ခြံတွေအမြဲထွက်တတ်တာမို့ sunscreen တွေကို water base sunscreen တွေ ဥပမာ gel type လိုမျိုးတွေကိုသုံးစွဲသင့်ပါတယ် ။ အဲ့လိုအဆီနည်းတဲ့ sunscreen တွေသုံးမှ အဆီတွေနဲ့ချွေးပေါက်ပိတ်တာကိုကာကွယ်နိုင်ပြီး ဝက်ခြံတွေမထွက်မှာဖြစ်ပါတယ် ။

canada goose အသက် ၃၀ အတွင်း

အသက်သုံးဆယ်ဝန်းကျင်မှာတော့ အရေပြားကအားနည်းစပြုလာပြီး ရင့်ရော်ဖို့အစပြုနေပြီမို့ အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေတဲ့ free radical တွေကိုတိုက်ထုတ်ပေးနိုင်မယ့် anti-oxidant ပါဝင်တဲ့ sunscreen လေးတွေကိုရွေးချယ်သုံးစွဲပေးသင့်ပါတယ် ။ ဘယ်လို sunscreen တွေလည်းဆိုတော့ ကိုယ်ဝယ်မယ့် sunscreen ထဲမှာ Vitamin C တို့ Mandelic acid စတာတွေပါတာမျိုး ရှာဝယ်ရမှာပါ ။

အသက် ၄၀ အတွင်း

အသက် ၄၀ အရွယ်မှာတော့ အရေပြားတွေက လျော့လျဲလာပြီးခြောက်သွေ့လာပါပြီ ။ အဲ့လိုဖြစ်တာက ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ် ။ ဒီအရွယ်မှာတော့ အရေပြားခြောက်သွေ့မှုကိုအားပေးတဲ့ sunscreen မျိုး အထူးသဖြင့် salicylic acid တို့ benzoyl peroxide တို့လို ingerdients တွေပါတာမျိုးအထူးရှောင်ဖို့ အရေပြား specialist တွေကအကြံပေးထားပါတယ် ။ Sunscreen ကိုဝယ်ယူတော့မယ်ဆိုရင် muti purpose formula ပုံစံမျိုး ဥပမာ အမည်းစက်ပျောက်စေတယ် ရေဓာတ်ဖြည့်ပေးတယ် anti-oxidiant ပါတယ် အရေပြားတင်းရင်းစေတယ် စတာတွေအစုံလုပ်ပေးတာမျိုးက ရင့်လျော်လာတဲ့အရေပြားကို ပိုအထောက်အကူပေးပါတယ် ။

အခုပြောသွားတာလေးတွေကိုဖတ်ပြီး ကိုယ်တိုင်အတွက်ရော သူများကိုပြန်ပြောပြဖို့အတွက်ပါ အသုံးဝင်မယ်လို့ထင်ပါတယ် ။ နောက်ဆုံး လက်ဆောင်ဝယ်ပေးမယ်ဆိုတာမျိုးဆိုရင်တောင်မှ ပေးမယ့်သူရဲ့အသက်နဲ့လိုက်ပြီး ဝယ်ပေးလို့ရတာပေါ့နော် ။ အားလုံးပဲသဘောကျကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ရှင့် ။
#phyodaybyday–
Phyo Pyae Sone Htun
Beauty Blogger/Adviser
Phyo Day By Day
Mobile: 09-42220-6163
Website: www.facebook.com/phyodaybyday

canada goose down filled gloves https://www.canadagooseparkaclearances.com canada goose 2015 winter,

4,159 Comments

  1. Serena Thae

    Hi မင်္ဂလာပါ အမ ရေ ညီမ အသားအရေ နဲ့ပတ်သက်င်္ပြး အကြံဉာဏ်တစ်ခု တောငိးချင်ပါတယိ ညီမ အသားအရေက အဝါဘက် သန်းပါတယ် ပြီးတော့ အသားမညီပါဘူး လက်မောင်း တောက်လျှောက်မှာဆို အင်္ကျီလက်တို ဝတ်ရင် အကျီ် ဝတ်ထားတဲ့အခြမ်းက ဖြူတယ် ပြီးတော့ အသားခြောက်တယ်.. အသားရေ စိုပြီး ဝင်းချင်ပါတယိ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ရယ် အသားဖြူအောင် ဘယ်လိုလုပ်ရမလဲ ဖြေပေးပါလားရှင်… ပြှီးတော့ ခြေသညိးနဲ့ပတ်သက်ပြီး ခြေသည်းက ရှည်ခါနီးဆို ထိပ်ဖျားတွေပဲ့တယ် ခြေသည်းရှည်ရှည်လှလှလေးတွေ ရချင်တယ် ဘယ်လို ထိနိးသိန်းသွားရမလဲ အဲ့ နှစ်ခုဖြေပေးပါရှင် မ ဒီထက်မက အောင်မြင်ပါစေ

  2. Lonelone

    မျက်စိအောက် အမဲစက်ကို ဘယ်လိုပျောက်အောင် လုပ်ရမလဲ ဖြိုး ခုလက်ရှိ shishedo သုံးနေတာ

  3. May Thet Khaing

    အလှအပ​ရေးရာ​နဲ့ပတ်​သက်​ပြီး လူတိုင်​းမသိ​ကြတဲ့ အချက်​​လေး​တွေ ​ရှောင်​ရန်​​ဆောင်​ရန်​​လေး​တွေ မျှ​ဝေ​ပေးတဲ့ မဖြိုးကို​ကျေးဇူးအများကြီးတင်​ပါတယ်​ရှင်​။ မဖြိုးဒီထက်​မက​အောင်​မြင်​ပါ​စေလို့ဆု​တောင်​း​ပေးပါတယ်​​နော်​။ Facebookမှာလည်​း Commentသာဝင်​မ​ပေးတာ အမြဲအား​ပေး​နေပါတယ်​ရှင်​။ ♡ ♡ ♡

  4. Kam

    2017 best weight loss pills
    weight loss pills
    metformin weight loss
    forskolin for weight loss
    slimming tablets

  5. Marfanats

    Recovery skin, lifting wrinkles without jabs and procedures is available to everyone. Chemical elements remove components of old cells. Skin swiftly is updated. A face without wrinkles and signs of acne. Impressive improvement of the external appearance of the skin. Rejuvenation, plastic, removal wrinkles are guaranteed.
    Apply chemical peeling invented by German workers in the 19th century. Since then, innocuousness procedures increased several times. Result can purchase and household conditions. Skin becomes smooth and light, without wrinkles, redness.
    [url=http://chemicalpeel.in/chemical-peel]chemical peel results[/url]

  6. TimothyFum

    I’m impressed, I have to say. Actually not often do I encounter a weblog that’s both educative and entertaining, and let me let you know, you’ve hit the nail on the head. Your idea is outstanding; the problem is something that not enough persons are talking intelligently about. I am very comfortable that I stumbled throughout this in my seek for something referring to this. http://hellowh983mm.com

  7. Payday Loans Online

    loan rate calculator credit card loan small personal loans with bad credit [url=https://personalloansforbadcredit.us.com]bad credit personal loans guaranteed approval[/url]

  8. Paydayloan