အသက်အရွယ်အလိုက် လုပ်ဆောင်သင့်တဲ့ anti-aging လုပ်ဆောင်ချက်များနဲ့ အသိပညာများ

canada goosecanada goosecanada goose  

canada goosecanada goosecanada goose  

goose canada  canada goose  

our website  canada goose outlet  

ချစ်တို့ရေ လောကကြီးမှာအသိဉာဏ်ကြီးမားရင့်သန်တဲ့ သူတော်စင်တွေကလွဲလို့ ကိုယ်တို့လိုပုထုဇင်လူသား အားလုံးလိုလိုဟာ အသက်အရွယ်အိုမင်းရင့်ရော်မှုကိုကြောက်ရွံ့ကြတယ်ထင်ပါတယ် ။ ဇရာကြောင့်ဖြစ်ပေါ်လာတဲ့ အသားအရည်ပြောင်းလည်းမှုတွေကို တစ်ချို့တွေကတည်ငြိမ်စွာလက်ခံနိုင်ပေမယ့် တစ်ချို့ကလည်းကြောက်ရွံ့ပြီးတတ်နိုင်တဲ့နည်းနဲ့ဖုံးကွယ်ကြပါတယ် ။ ကျွန်မလည်းလူထဲကလူပဲမို့တစ်နှစ်ထက်တစ်နှစ် ပျောက်ဆုံးသွားတဲ့နုပျိုမှုလေးတွေကို နှမြောမိတာတော့အမှန်ပါ ။ အသက်ကြီးလာတာကိုဖုံးလို့မရပေမယ့် လိုတာထက်ပိုပြီးအိုမင်းနေအောင်မနေဖို့တော့ ကိုယ့်ကိုကိုယ်အခွင့်အရေးလေးပေးသင့်တယ်လို့ထင်ပါတယ် ။ ဇရာကြောင့်ဖြစ်ပေါ်လာတဲ့ အသားအရည်ပြောင်းလည်းမှုတွေကို ဟန့်တားဖို့ထုတ်လုပ်ထားတဲ့ Product တွေကို anti-aging products လို့ခေါ်ဝေါ်ကြပြီး anti-aging အတွက်လုပ်ဆောင်သင့်တဲ့ကိစ္စတွေဟာ ကျွန်မတို့လက်ခံထားသလို အသက်ဘယ်လောက်ကျော်မှစလုပ်ရမယ်လို့မရှိပါဘူး ။ လူတစ်ယောက်အရွယ်ရောက်ချိန်ကစလို့ အသက်ကြီးလာတဲ့အခါ အရေပြားရဲ့အိုမင်းချင်းကိုကြိုတင်ဟန့်တားလို့ရတဲ့ လုပ်ဆောင်စရာလေးတွေရှိပါတယ် ။ သိပ်လည်းအပန်းမကြီးတာမို့ ကျွန်မကအားလုံးနဲ့မျှဝေပေးချင်ပါတယ် ။

အသက် ၂၀ ဝန်းကျင်အတွက် – ” Prevention ”

အသက်နှစ်ကနေစလို့ ၂၀ ကျော်နှောင်းပိုင်းအထိ ကိုယ့်အသားအရည်ရဲ့အိုမင်းရင့်ရော်မှုကို “Prevention” လို့ခေါ်တဲ့ ကြိုတင်ကာကွယ်ချင်းနဲ့တားဆီးနိုင်ပါတယ် ။ ဘာတွေနဲ့တားဆီးမလည်း ? အသက်အရွယ်ငယ်ရွယ်စဉ်မှာ နေလောင်ဒါဏ်ကြောင့်အသားအရည်ပျက်စီးမှုတွေမဖြစ်အောင် ဒီအရွယ်မှာ sunscreen ကိုအမြဲဆောင်ထားသင့်ပါပြီ ။ နောက်ထပ်လိုအပ်တာက Antioxidant တွေပါဝင်တဲ့အစာတွေကိုအမြဲစားသုံးမယ် ။ ဒါမှမဟုတ် antioxidant ဆေးဝါးတစ်မျိုးမျိုးကိုမှီဝဲသင့်ပါတယ် ။ ဒီအရွယ်ရဲ့အဲ့ဒီ့လုပ်ဆောင်ချက်တွေဟာ နောင်တစ်ချိန်မှာသင့်ရဲ့ အသားအရည်ကိုသိသိသာသာနုပျိုနေစေပါလိမ့်မယ် ။

အသက် ၃၀ ဝန်းကျင်အတွက် – ” Exfoliation ”

အသက်သုံးဆယ်ကျော်လာရင်တော့ အရေပြားကပိုပါးလာပြီး ဆဲလ်အသစ်ဖြစ်နှုန်းလည်းပိုနှေးလာပါပြီ ။ ဒါ့အပြင် အရေပြားပေါ်မှတင်ရှိနေတဲ့ ဆဲလ်အသေဖယ်ရှားတဲ့သဘာဝဖြစ်စဉ်ကိုလည်း အရေပြားကလုပ်ဆောင်ချင်းမရှိတော့ပါဘူး ။ အဲ့ဒီ့လိုအဖြစ်မျိုးတွေကြောင့် မိမိကိုယ်တိုင်အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကိုဖယ်ရှားဖို့လိုလာပါပြီ ။ အဲ့လိုဆဲလ်အသေဖယ်ရှားမှုလုပ်ငန်းစဉ်တွေကို Exfoliation လို့ခေါ်ပါတယ် ။ တစ်ပတ်ကိုနှစ်ခါလောက် အရေပြားပေါ်ကဆဲလ်အသေတွေကို scrub တွေ facial brush တွေနဲ့ဆဲလ်အသေတွေဖယ်ရှားနိုင်ပါတယ် ။ Skincare အထူးကုဆေးခန်းတွေမှာ chemical peeling သွားလုပ်တာမျိုးကတော့ အရေပြားအပေါ်ကဆဲလ်အသေတွေကိုသိသိသာသာဖယ်ရှားပေးပြီး အရေပြားကိုနုပျိုးကန်းမာစေပါတယ် ။

canada goose အသက် ၄၀ ဝန်းကျင်အတွက် – ” Stimulation ”

အသက်လေးဆယ်ဝန်းကျင်မှာတော့ အရေပြားပေါ်မှာ အရေတွန့်တာလေးတွေ စမြင်ရလာပါပြီ ။ ဒီအရွယ်မှာတော့ ဆဲလ်အသစ်ဖြစ်ပေါ်အောင်လှုံ့ဆော်ပေးတဲ့ ” Stimulation ” လုပ်ငန်းစဉ်တွေဟာအထောက်အကူပြုပါတယ် ။ ဆဲလ်အသစ်ဖြစ်ပေါ်ဖို့အတွက် ကော်လဂျင်ပါဝင်တဲ့ဆေးဝါးတွေ skincare တွေဟာအကောင်းဆုံးပါ ။ ဒီအရွယ်မှာ skincare သုံးဆွဲမယ်ဆိုရင် skin lightening cheap canada goose http://www.rooshooters.com canada goose sale canada goose outlet cheap canada goose, whitening အတွက်ထုတ်လုပ်ထားတဲ့ skincare တွေကသင့်တော်ပါတယ် ။ အဲ့လိုမျိုး skincare တွေဟာဒီအရွယ်မှာဖြစ်ပေါ်လာတတ်တဲ့ အမည်းစက်ပြဿနာကိုဖြေရှင်းပေးနိုင်လို့ပါ ။

canada goose အသက် ၅၀ ဝန်းကျင်နဲ့အထက် – ” Firming ”

canada goose အသက် ၅၀ ဝန်းကျင်မှာတော့ အရေတွန့်တာတွေ အရေးအကြောင်းတွေဟာ ရှောင်လွှဲလို့မရတော့ပါဘူး ။ အရေတွန့်တာအတွက်လုံးဝပြန်ကောင်းစေမယ့် ဆေးတွေမရှိပေမယ့် သင့်တော်ယုံလောက်ပြန်လည်တင်းရင်းစေမယ့် ဆေးဝါးတွေ skincare တွေရှိနေပါပြီ ။ ဒီအရွယ်မှာအရေပြားကခြောက်သွေ့လွယ်မယ် လျော့လျဲလွယ်မယ်ဖြစ်တာကြောင့် Hydration နဲ့ Firming အဓိကအားပေးတဲ့ အားဖြည့်ဆေးဝါးနဲ့ skincare တွေကိုသုံးစွဲသင့်ပါတယ် ။

အခုကျွန်မပြောသွားတာလေးတွေဖတ်လိုက်ရင် anti-aging အတွက်အသက်အရွယ်တိုင်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် အသ်ပညာလေးတွေရသွားမယ်လို့ထင်ပါတယ်ရှင် ။ နောက်များမှာလည်း အခုလိုအသက်အရွယ်စုံအတွက်အလှအပရေးရာလေးတွေ တင်ဆက်ပေးနိုင်အောင်ကြိုးစားပါဦးမယ်နော် ။ သဘောကျမယ်လို့မျှော်လင့်ပါတယ်ရှင် ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။ #phyodaybyday

4 Comments

Comments are closed.