Spa မှာ Facial လုပ်တဲ့အဆင့်လေးတွေကို နားလည်ကြဖို့

canada goosecanada goosecanada goose  

canada goosecanada goosecanada goose  

goose canada  canada goose  

our website  cheap canada goose  

canada goose canada goose အချစ်လေးတို့ရေ ကိုယ်တို့မြန်မာအမျိုးသမီးထဲက လူဦးရေအများစုဟာ spa facial နဲ့သိပ်မရင်းနီးကျဖူး ။ Facial ကိုလည်း အထူးအခမ်းအနား အကြောင်းအရာတစ်ခုခုရှိမှ သွားလုပ်ကြတာများတယ်လို့ ကျွန်မယူဆပါတယ် ။ မသွားဖြစ်တာရော သိပ်ရင်းနီးမှုမရှိတာရောကြောင့် ဘာတွေလုပ်ပေးတယ်ဆိုတာကို မသိကြပါဘူး ။ အဲ့ဒါလေးတွေကို တစ်ဆင့်ချင်းစီနားလည်အောင် ရှင်းပြပေးချင်ပါတယ် ။ ကိုယ့်ဟာကိုယ် ပြန်လုပ်ရင်လည်း အိမ်မှာလွယ်လွယ်ကူကူ ပြန်လုပ်လို့ရတာပေါ့နော် ။

ပထမဆုံးအဆင့်က မျက်နှာထဲကအညစ်အကြေးတွေ ဆေးကြောသန့်စင်တာပါ ။ ပုံမှန်တော့လွယ်လွယ်ပဲ မျက်နှာချေးချွတ်တယ်လို့ သုံးကြပါတယ် ။ မျက်နှာတစ်ခုလုံး facial လုပ်တဲ့အဆင့်တွေထဲမှာ အဆင့်တစ်ခုအနေနဲ့ပဲပါတာမျိုးရှိသလို တစ်ချို့ salကon တွေမှာတော့ သူ့တစ်ဆင့်ထဲပဲရွေးလုပ်လို့ရတာမျိုးလည်းရှိပါတယ် ။ ပုံမှန်တော့ traditional salon တွေမှာခေတ်စားပါတယ် ။ ဈေးကသာမာန် salon လေးတွေမှာ ၅၀၀၀ ကျပ် – ၈၀၀၀ ကျပ်လောက်ကနေစပြီး အရမ်းအဆင့်မြင့်တဲ့ luxury salon တွေမှာတော့ ၇၀၀၀၀ ကျပ် ကနေ ၁၂၀၀၀၀ ကျပ်လောက်ထိကျသင့်ပါတယ် ။ သုံးတဲ့ product တွေကွားတာကြောင့်ရော ပိုအဆင့်မြင့်လေ လက်နဲ့တင်မဟုတ်ပဲ အရေပြားအတွက် ပိုမိုအာနိသင်ခံစားရမယ့်စက်ပစ္စည်းတွေပါ ပါဝင်လာတာတွေကြောင့်ပါ ။

ချေးချွတ်တာကို ပုံမှန်အားဖြင့်တော့ မျက်နှာအတွင်းထဲကအညစ်အကြေးတွေပျော်ဝင်သန့်ရှင်းသွားအောင် cleansing oil တွေနဲ့နှိပ်နယ်ပြီး အညစ်အကြေးတွေထွက်လာတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ မျက်နှာပေါ်ကဆဲလ်သေတွေဖယ်ရှားဖို့အတွက် ခပ်ကြမ်းကြမ်းအမှုန်လေးတွေပါဝင်တဲ့ scrub တစ်မျိုးမျိုးကို သတ်မှတ်ထားတဲ့ လက်ကွက်တွေအတိုင်း မျက်နှာပေါ်ကိုတိုက်ချွတ်ပြီး နောက်ဆုံးအဆင့်မှာ မျက်နှာသစ်ဆေးတစ်ခုခုကိုသုံးပေးပါတယ် ။

သုံးတဲ့ပစ္စည်းတွေကတော့ သာမန် salon လေးတွေမှာ အရေပြားမျိုးစုံအတွက် သုံးနေကျတစ်မျိုးတည်းကိုသုံးပေးပါတယ် ။ နည်းနည်းပိုအဆင့်မြင့်တဲ့နေရာတွေမှာတော့ dry skin , oily skin , combination skin နဲ့ sensitive skin တွေအတွက် သုံးတဲ့ပစ္စည်းတွေ သပ်သပ်စီခွဲထားပါတယ် ။ လုပ်ဆောင်ပေးတဲ့သူတွေကလည်း သေချာ trainning ပေးထားတဲ့ specialist တွေမို့ အရေပြားရဲ့အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ပစ္စည်းနဲ့ သင့်တော်တဲ့ treatment ကိုချက်ခြင်းသိကြတာများပါတယ် ။ အဲလိုပြောလို့ ဈေးကြီးမှကောင်းတာလို့ပြောတာ မဟုတ်ပါဘူးနော် ။

ကျွန်မဒီအကြောင်းရာတွေနဲ့စတင်ထိတွေ့စတည်းက ထောင်ဂဏန်းပဲပေးရတဲ့ နေရာတွေကစလို့ တော်တော်ဈေးများတဲ့နေရာအထိ သွားလာခဲ့တာမို့ နေရာအမျိုးမျိုးကနေ အားသာချက် အားနည်းချက်တွေကို သူ့နေရာနဲ့သူ မြင်ခဲ့ရပါတယ် ။ တစ်ချို့နေရာတွေက ဈေးနည်းနည်းပဲပေးရပေမယ့် လုပ်ပေးတဲ့သူတွေကစေတနာပါပြီး ပေးရတဲ့ဈေးနဲ့မကာမိအောင် ဝန်ဆောင်မှုကောင်းသူတွေရှိပြီး တစ်ချို့နေရာတွေကတော့ ဈေးကမိုးပေါ်ရောက်နေပေမယ့် customer အပေါ်သေချာဝန်ဆောင်မှုမပေးတဲ့ spa တွေ salon တွေလည်းရှိတတ်ပါတယ် ။

canada goose ဆက်ပြောလိုက်ကြပါဦးစို့ ။ ချေးချွတ်ပြီးတဲ့အခါမှာတော့ ပေါင်းတင်တယ်လို့အလွယ်ခေါ်ကြတဲ့ mask အုပ်တဲ့အဆင့်လာပါတယ် ။ Mask တွေမှာ ကိုယ့်မျက်နှာလိုအပ်ချက်ကိုလိုက်လို့ အာဟာရဖြည့်ပေးတဲ့ mask တွေအများကြီးရှိပါတယ် ။ Basic အနေနဲ့ကတော့ ရေဓာတ်ဖြည့်တဲ့ mask တွေသုံးကြပါတယ် ။ ခုနမျက်နှာအတွင်းထဲထိသန့်စင်ထားတဲ့ အရေပြားပေါ်ကို ရေဓာတ်ဖြည့်လိုက်တဲ့အခါ မျက်နှာကကြည့်သန့်သွားပါတယ် ။ အဲ့ဒါကြောင့် facial လုပ်ပြီးတဲ့အချိန်မှာ မျက်နှာတွေကကြည်သွားခြင်းဖြစ်ပါတယ် ။

Mask တွေကတော့ treatment ကိုလိုက်လို့ Brightening , Anti-Aging , Hydrating စတဲ့အမျိုးမျိုးသော အာနိသင်တွေကို ရွေးချယ်ပေးပြီး တစ်ချို့အဆင့်မြင့် salon တွေမှာတော့ mask အုပ်နေချိန်အတွင်းမှာ မျက်နှာကို light ပေးပြီး အရေပြားကနေ mask ကိုစုပ်ယူအားပိုကောင်းသွားအောင် ပြုလုပ်ပေးကြပါတယ် ။ Light တွေမှာ Blue canada goose down low hip length parka https://www.canadagoosestorevip.com Canada Goose down replica fake, Green , Yellow , Red စသဖြင့်မျိုးစုံရှိကြပြီး တစ်ခုနဲ့တစ်ခုအာနိသင်ခြင်းလည်း မတူကြပါဘူး ။ အဲ့ဟာလေးတွေအကြောင်းကို ကျွန်မနောက်ရက်ကျရင် သေချာရေးပေးပါဦးမယ် ။

ကိုယ့်ဟာကိုယ်အိမ်မှာလုပ်ချင်တယ် လုပ်လို့ရမလား ? ဟုတ်ကဲ့ရပါတယ် ။ ကျွန်မပြောသွားတဲ့အဆင့်တွေလိုပဲ ပထမဆုံးမျက်နှာလေး သန့်ရှင်းချေးချွတ်ပါ ။ ပြီးရင် scrub ဖွဖွလေးတိုက်ပြီး မျက်နှာအရေပြားလေး နုဖတ်သွားအောင် ထားပါ ။ အားလုံးပြီးရင်တော့ မျက်နှာပေါ်ကို အာဟာဖြည့်မယ့် mask အုပ်ပါ ။ အလွယ်တစ်ကူဝယ်လို့ရတဲ့ mask sheet လေးတွေကနေ အိမ်တွင်းပစ္စည်းတွေပါဝင်တဲ့ DIY mask တွေအထိ ကြိုက်ရာသုံးနိုင်ပါတယ် ။ ပြီးသွားရင် မျက်နှာကို moisturizer လေးလိမ်းပေးလိုက်ပါ ။ တစ်လကို နှစ်ကြိမ်ခန့်လုပ်ပေးရင် မျက်နှာကြည်လင်ဝင်းပ တင်းရင်းလာမှာပါ ။

အခုပြောပြသွားတဲ့ အကြောင်းအရာလေးတွေက နေ့စဉ်အလှအပရေးရာရော ဘဝအတွက်ပါအကျိုးရှိစေမယ့်လို့ ယုံကြည်ပါတယ်ရှင့်
နောက်လည်းဒါမျိုးလေးတွေရေးပေးပါဦးမယ် ။
အခုတော့နှုတ်ဆက်ခဲ့ပါတယ် ။
ကောင်းသောနေ့လေးဖြစ်နိုင်ကြပါစေရှင် ။
#phyodaybyday

53 Comments

  1. zippy

    Title

    […]just beneath, are various entirely not associated web sites to ours, having said that, they are certainly worth going over[…]

  2. farming simulator 19 mods

    Title

    […]Wonderful story, reckoned we could combine several unrelated data, nevertheless truly worth taking a search, whoa did one particular understand about Mid East has got additional problerms as well […]

  3. homepage

    Title

    […]please pay a visit to the web sites we comply with, which includes this one particular, as it represents our picks from the web[…]

  4. mens gifts

    Title

    […]that may be the end of this post. Here you’ll discover some websites that we consider you’ll appreciate, just click the hyperlinks over[…]

  5. TECNICO

    Title

    […]please stop by the internet sites we stick to, which includes this a single, because it represents our picks from the web[…]

  6. words

    Title

    […]Wonderful story, reckoned we could combine some unrelated information, nonetheless really really worth taking a search, whoa did one particular find out about Mid East has got much more problerms at the same time […]

Comments are closed.