Skin Type VS Skin Concern !!!

 
Hello !!! အားလုံးပဲမင်္ဂလာပါ ။
 
မင်္ဂလာပါချစ်တို့ရေ ။ ကျွန်မအခုနောက်ပိုင်းသတိထားမိတာလေးတစ်ခုရှိပါတယ် ။ အဲဒါကတော့ အမျိုးသမီးကြီ
ကြီးငယ်ငယ်မရွေး Skincare ပေါ်မှာအာရုံစိုက် စိတ်ဝင်စားလာကြတာကိုပါ ။ ကျွန်မကိုယ်တိုင်လည်း skin ကို အလွန်ဂရုစိုက်ဖြစ်သူ Skin ကောင်းလာတာတွေလည်း မျက်မြင်ထင်ရှားတွေ့နေရတာလေးတွေရှိလို့ အမျိုးသမီးတော်တော်များများက အားကိုးပြီးလာတိုင်ပင်ကြပါတယ် ။ အလုပ်အားတာနဲ့ mesg box ဖွင့်ပြီးပြောဖြစ် ဖြေဖြစ်ပေမယ့် အခုနောက်ပိုင်းအလုပ်များလာတာရော မိသားစုအချိန်ပေးနေချိန်မှာ အလုပ်ကိုတတ်နိုင်သမျှမလုပ်ပဲနေတာရောကြောင့် mesg ဖြေဖို့အတွက် အချိန်လေးနည်းလာခဲ့ပါတယ် ။ အဲ့ဒီ့အတွက်လည်းစိတ်မကောင်းဖြစ်မိပါတယ် ။ တော်တော်များများက mesg ထဲမှာ skincare အကြောင်းကိုအဓိကထားမေးမြန်းကြတာလည်းတွေ့ရလို့ မေးကြတဲ့သူတွေ သတိမထားမိတဲ့ အမျိုးသမီးတော်တော်များများရောထွေးနေတတ်ကြတဲ့ skin နဲ့ပက်သက်တဲ့ အသိပညာတစ်ခုကိုပေးချင်ပါတယ် ။ အဲဒါကတော့ Skin Type လို့ခေါ်တဲ့ ကိုယ့်အသားအရေအမျိုးအစားနဲ့ Skin concern လို့ခေါ်တဲ့ ကိုယ့်အသားအရည်ကိုဖြစ်စေချင်တဲ့ target တွေပါ ။
 
Skincare နဲ့ပက်သက်လို့မေးကြတာနဲ့ Skin type ကိုဦးစားပေးပြီးပြောသွားကြပါတယ် ။ အမရေ ကျွန်မအသားကတော့အဆီပြန်တယ် ။ အမရေကျွန်မတော့အသားခြောက်တယ်ပေါ့ ။ အဲ့ဒါဘာသုံးရမလည်းပြောပါလို့ မေးကြတာများပါတယ် ။ အဲ့အခါကျရင် ကျွန်မက skin concern ကရောဘာလည်း ? အခုလက်ရှိဖြစ်နေတဲ့ skin problem ကိုလည်းပြောပါ လို့ပြန်မေးရင် တော်တော်များများကခေါင်းရှုပ်သွားပြီး ထပ်မပြောကြတော့ပါဘူး ။ အများစုက ကိုယ့် skin ရဲ့ type လောက်သာသိကြတာများပြီး skin concern မရှိကြပါဘူး ။ အဲ့လိုမရှိကြတဲ့အတွက် skincare သုံးနေတာကြာပြီ ဘာမှမသိသာဘူးဆိုပြီးဖြစ်သွားကြတာပါ ။ ကျွန်မပြောတာနားမရှင်းမှာစိုးလို့ Skin type ရယ် Skin concern ရယ်ကို အောက်မှာသေချာနားလည်သွားအောင် အကျယ်တဝင့်ရှင်းပြပေးပါမယ် ။
 
Skincare routine တစ်ခုကိုစတော့မယ်ဆိုရင် ကိုယ့် skin type ပေါ်မှာအခြေခံပြီး မဖြစ်မနေသုံးပေးရမယ့် basic ပစ္စည်းတွေနဲ့ လက်ရှိအသားအရည်ကနေပိုကောင်းမွန်တဲ့ skin အနေအထားရအောင်ပြောင်းလဲပေးမယ့် special treatment ပစ္စည်းတစ်ခုခုလိုအပ်ပါတယ် ။ ပထမဆုံး basic skincare ပစ္စည်းလေးတွေစရွေးတော့မယ်ဆိုရင် ကိုယ့် skin type ကိုအရင်သိအောင်လုပ်ပါ ။ Skin type လို့ဆိုတဲ့နေရာမှာ Dry skin , Oily Skin , Combination Skin ( T-Zone မှာအဆီပြန်နေတတ်ပြီး ပါးတွေနေရာမှာတော့ခြောက်နေတတ်တဲ့ skin အမျိုးအစား ) , Normal Skin ( အဆီလည်းမပြန် ခြောက်လည်းမခြောက်တဲ့ ပုံမှန်အသားအရေ ) တွေပါဝင်ပါတယ် ။ လူတော်တော်များများက sensitive skin ကို skin type တစ်ခုအနေနဲ့သတ်မှတ်ကျပေမယ့် လူတိုင်းကသူတို့နဲ့မတည့်တဲ့ပစ္စည်းကိုသုံးမိရင် sensitive ဖြစ်တတ်တာကြောင့် လူတိုင်းရဲ့အသားအရေက sensitive ဖြစ်တယ်လို့ပြောလို့ရပါတယ် ။ အဲဒါကြောင့် sensitive skin ဆိုတာကို basic အုပ်စုထဲမှာဖယ်လိုက်ပါ ။
 
အပေါ်ကပြောခဲ့တဲ့ skin type အားလုံးအတွက်လိုအပ်တဲ့ အခြေခံ skincare ပစ္စည်းတွေကတော့ Cleanser , Toners , Exfoliants , Moisturizers နဲ့ Sunscreen တွေပါ ။ ဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ skin type ပေါ်မှာအခြေခံထုတ်လုပ်ထားတဲ့ product တွေကိုရွေးဝယ်ရပါမယ် ။ ဥပမာ – အဆီပါဝင်မှုများပြီး creamy ဖြစ်တဲ့ product တွေဆိုရင် dry skin အတွက် ၊ Lotion type ဆိုရင် normal skin အတွက် ၊ Gel တို့ ရေဓာတ်ပါဝင်မှုများတာတို့ဆိုရင် oily skin အတွက် အဲလိုသေချာရွေးဝယ်ရပါမယ် ။ အခုပြောသွားတဲ့ product တွေဟာ ဘယ်လို skin type အတွက်မဆို ဘယ်လိုအရေပြားပြဿနာအတွက်မဆို သုံးကိုသုံးရမယ့် ပစ္စည်းတွေလို့မှတ်ထားပါ ။
 
နောက်တစ်ဆင့်အနေနဲ့ ကိုယ့်အသားအရေရဲ့လိုအပ်ချက်ကိုလေ့လာပြီး လိုအပ်တဲ့ special treatment product တစ်ခုခုထပ်ဖြည့်ရမှာဖြစ်ပါတယ် ။ လူအများစုရဲ့ skin concern တွေကတော့ အရေးအကြောင်းတွေ ၊ အရေပြားလျော့လျဲလာတာတွေ ၊ အမည်းစက်တွေ ၊ တင်းတိပ် ၊ မှည့်ခြောက်တွေ ၊ နေလောင်ကွက်တွေ ၊ blackhead တွေ ၊ ဆားဝက်ခြံတွေ ၊ ဝက်ခြံထွက်တာတွေ ၊ မျက်နှာအရောင်မညီတာတွေ ၊ အသားအရောင်မမှန်တာတွေ တွေ့ရတတ်ပါတယ် ။ ကျွန်မဆို မျက်နှာပေါ်မှာ brown spot နည်းနည်းရှိတယ် နှဖူးပေါ်မှာအဆီခဲလေးတွေ တစ်ချက်တစ်ချက်ထွက်တတ်တာ ကိုယ့်ဟာကိုယ်စမ်းစစ်ကြည့်ရင်းနဲ့သိပါတယ် ။
 
အဲ့လိုကိုယ့်ရဲ့ skin concern ကိုလိုက်ပြီးဖြည့်မယ့် special treatment product က ကိုယ့်ရဲ့ basic skincare routine ထဲမှာဖြည့်သုံးရမှာမို့ အရမ်းထူတဲ့ product မျိုးမဖြစ်တာကောင်းပါတယ် ။ အဲ့ဒါကြောင့် အဲ့လို product တော်တော်များများကို light weight texture တွေဖြစ်တဲ့ absorbent serum တွေ အရည်ကျဲကျဲ essence တွေထုတ်တာအမြဲတွေ့ရပါတယ် ။ ပထမဆုံးကိုယ့် skin type သိအောင်လုပ် skin concern သေချာအောင်လုပ်ပြီးရင်တော့ ကိုယ့်အသားအရေနဲ့ အဆင်ပြေဆုံး product formula ကိုရွေးချယ်ရုံပါပဲ ။
 
တစ်ခါတစ်လေ skin concern နှစ်ခုသုံးခုအတွက် သုံးရမယ့်ပစ္စည်းကို အများကြီးခွဲစရာမလိုပဲ product တစ်ခုထဲနဲ့အဆင်ပြေနိုင်တာမျိုးရှိပါတယ် ။ ဥပမာ brightening ရော whitening ရောလုပ်ပေးနိုင်တဲ့ serum တွေက အမည်းစက်ပျောက်စေတာမျိုးတွေပေါ့ ။ တစ်မျိုးထဲနဲ့ပြဿနာအစုံဖြေရှင်းပေးနိုင်တဲ့ product တွေရနိုင်တာများပါတယ် ။ ဒါပေမယ့် ကိုယ့်မှာဖြစ်နေတဲ့ပြဿနာကတော်တော်ပျောက်ဖို့ခက်နေတယ် skin ကလည်းလက်ခံနိုင်တယ်ဆိုရင် product နှစ်မျိုးသုံးမျိုးစပ်သုံးလို့ရပါတယ် ။ ကျွန်မဆိုရင် အမည်းစက်ပျောက်ဖို့ serum အပြင် brightening အတွက် deep hydration အတွက်စတဲ့ special product တွေအသားအရေအခြေအနေပေါ်မူတည်ပြီး လိုသလိုလှည့်သုံးဖြစ်ပါတယ် ။ အထူးသဖြင့် အသက်အဂွယ်ရလာတဲ့ အမျိုးသမီးတွေမှာဆို အမည်းစက်အတွက် အရေးအကြောင်းအတွက် နေလောင်ဒဏ်အတွက် product တော်တော်စုံအောင်သုံးပေးရပါတယ် ။
 
အဲ့တော့ကျွန်မတို့အကုန်ခြုံလိုက်ရင် အဆီပြန်တဲ့သူဆိုရင် သုံးမယ့်ပစ္စည်းတွေကို Gel type တွေ matte finish lotion တွေ ရေဓာတ်အခြေခံတဲ့ပစ္စည်းတွေသုံးပေးရပါမယ် ။ အသားခြောက်သူတွေက အဆီပါဝင်ပြီး rich ဖြစ်တဲ့ moisturizer တွေ lotion တွေ ရွေးသုံးရမှာဖြစ်ပြီး ပုံမှန် normal skin တွေကတော့ နူးညံ့ပြီး light weight ဖြစ်တဲ့ product တွေသုံးသင့်ပါတယ်ရှင့် ။ Skin type အားလုံးအတွက်
၁။ မျက်နှာသစ်ဆေး ၊
၂။ တိုနာ ၊
၃။ exfoliant ( ကျွန်မ exfoliant အတွက် Beta Hydroxy Acid လို့ခေါ်တဲ့ BHA exfoliant တစ်မျိုးကိုသုံးနေပါတယ် ။ ပုံမှန် scrub တွေပဲသုံးပေးလည်းရပါတယ် ) ၊
၎။ Moisturizer ( မနက်ပိုင်းအတွက် spf ပါဝင်တာ ၊ ညပိုင်းအတွက် spf မပါတာ ) စတာတွေလိုအပ်ပါတယ် ။
အခုပြောသွားတဲ့ Skincare basic တွေပြည့်စုံပြီဆိုရင်တော့ ကိုယ့်အသားအရည်မှာရှိတဲ့လိုအပ်ချက်ကိုလေ့လာပြီး နောက်ထပ် special skincare product တစ်ချို့ထပ်ဖြည့်ပါ ။ အဲဒါဆို ကိုယ့်ရဲ့လိုအပ်တဲ့ skincare ပြည့်စုံသွားပြီဖြစ်ပါတယ် ။
 
အခုပြောသွားတာတွေကို သဘောပေါက်အောင်မှတ်သားပြီး ကိုယ့်အတွက်အကောင်းဆုံး skincare routine ကိုစလိုက်ပါ ။ သုံးနေတာကြာပြီ ဘာမှမထူးဘူးတို့ ဈေးကြီးပြီးမသိသာဘူးဆိုတြဲ့ပဿနာတွေမကြုံရတော့ပါဘူး ။ သိလိုတာနားမလည်တာရှိရင်လည်း comment မှာမေးမြန်းလို့ရပါတယ် ။ ကျွန်မပြန်ရှင်းပြပေးပါမယ်နော် ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။
 
Love You !!! See You !!! #phyodaybyday #phyodaybydayskincare

209 Comments

  1. Rosey Thet

    Exfoliant ဆိုတာက မျက်နှာသစ်ဆေးသုံးပီး scrub သုံးပေးတာပြောတာလား toner သုံးပီးမှ scrub လုပ်ပီး မျက်နှာပြန်သစ်တာပြောတာလား

  2. မယုနွယ်

    Exfoliant ဆိုတာဘယ်လိုပစ္စည်းအမျိုးအစားများလည်းဆိုတာသိချင်ပါတယ် ဘယ်လိုသုံးဝင်တယ်ဆိုတာလေးပြောပြပေးပါ

Leave Your Comment