အမျိုးသမီးတွေအတွက်အရေးကြီးတဲ့ Lingerie ဗဟုသုတများ 💋

Hello !!! အမျိုးသမီးတို့ရေ ။

ဖြိုးဒီတစ်ခါမှာတော့ ကိုယ်တစ်ယောက်တည်းသိမှတ်လေ့လာထားတဲ့ အမျိုးသမီးတို့ရဲ့ under armor လို့တင်စားလို့ရတဲ့ အတွင်းခံအဝတ် Lingerie တွေအကြောင်း မျှဝေပေးချင်ပါတယ် ။ တစ်လောက miss ပြိုင်ပွဲတစ်ခုရဲ့ two piece photoshoot တစ်ခုမှာ ကလေးမလေးတွေသနားစရာ အတော်လေးမြင်ရဆိုးတဲ့ Underwear တွေဝတ်ထားရတာကိုမြင်မိလိုက်ပါတယ် ။ တော်တော်လေးမြင်ရဆိုးတာက Lingerie တွေဝတ်ရတာတောင်မဟုတ်ပဲ Bra သပ်သပ် pantie သပ်သပ်ကိုမှ တော်တော်လေး quality မကောင်းတာတွေမို့ bra တွေပုံမကျ ဝတ်ထားတဲ့ကလေးမတွေခမျာ ရှိတဲ့အလှတွေတောင် ပျက်စီးသွားတယ်လို့ မြင်မိပါတယ် ။

အဲ့ကနေတစ်ဆက်တည်း ဖြိုးတို့ဆီမှာ underwear တွေရဲ့အရေးပါမှုကို တော်တော်သိတာနည်းနေပါလား ။ အတွင်းခံကောင်းတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့အလှအပြင် စိတ်ခံစားမှုနဲ့ ကိုယ့်ကိုကိုယ်လေးစားမှုမှာ အရေးပါတာပါလားဆိုတာကို ဖြိုးသိစေချင်တဲ့စေတနာနဲ့ အမျိုးသမီးအားလုံးအတွက် ဒီပို့စ်လေးရေးပေးလိုက်ပါတယ် ။

ကိုယ်နဲ့ကွက်တိကျတဲ့ bra တိုင်းနည်းအလွယ်

Size တွေ Cup တွေစပြောရင် ရှုပ်နေမှာစိုးလို့ အလွယ်နည်းတစ်ခုစပြောပါမယ် ။ ကိုယ်နဲ့ကွက်တိကျတဲ့ bra ဆိုတာ –

– ခါးကိုင်းပြီး bra ကိုင်းကိုလက်ကနေလျှိုသွင်းလိုက်ပါ ။ ခါးကိုင်းထားတာကြောင့် Bra cup ထဲရင်သားအကုန်ဝင်သွားပါလိမ့်မယ် ။ အဲ့လိုအနေအထားနဲ့ချိတ်တပ်လိုက်ပါ။

– ကိုယ်ဝတ်မယ့် bra ရဲ့သားရေပြားက ရှေ့ပိုင်းနဲ့နောက်ပိုင်းတစ်ညီတည်းဖြစ်နေရပါမယ် ။

– ချိတ်တပ်တဲ့အခါ ကိုယ်နဲ့ကွက်တိဖြစ်နေတဲ့ bra ဆိုဒ်ဆိုတာ သားရေပြားအောက်ထဲကို လက်ညှိုးတစ်ချောင်းစာပဲထိုးလို့ရတဲ့အနေပါ ။

– အပေါ်ကအနေအထားကိုညှိပြီး နောက်ချိတ်တပ်ပြီးပြီးဆိုရင် အရှေ့အနောက်အညီအနေအထားရအောင် Bra ကြိုးကိုအတိုးအလျော့လုပ်ပါ ။

– ပြီးရင်အပေါ်ကနေကိုယ်နဲ့ကွက်တိအင်္ကျီတစ်ထည်ဝတ်ကြည့်ပါ ။

– ရင်သားတွေအပေါ်ကိုပြည့်တက်နေရင် ကိုယ့်အတွက် Cup size ပိုကြီးတဲ့ bra လိုတယ်လို့သိရပါမယ် ။

– ကိုယ်နဲ့ကွက်တိကျတဲ့ bra ဆိုရင် ရင်သားတွေကပခုံးနဲ့တံတောင်ကြားနေရာမှာပဲရှိနေရပါမယ် ။ အပေါ်ကိုလည်းရောက်မနေရပါဘူး ။ အောက်ကိုလည်းကျမနေရပါဘူး ။

– ပုံကျတဲ့ bra တစ်ခုက ရင်သားနှစ်ဖက်ရဲ့ cup တွေကြားက သားရေပြားလေးက ရင်ဘတ်ပေါ်မှာကပ်နေရပါတယ် ။

– အပေါ်ကပြောသွားတာတွေ အကုန်အဆင်ပြေတယ်ဆိုရင် သင်အခုလက်ရှိဝတ်နေတဲ့ bra ကလုံးဝကွက်တိကျတယ်လို့သိလိုက်ပါတော့ ။

– အခုပြောသွားတဲ့အချက်ထဲကတစ်ခုခုမှာ အဆင်မပြေခဲ့ဖူးဆို bra ကသင့်ရဲ့ perfect fit bra မဟုတ်ပါဘူး ။ လက်ချောင်းထိုးလို့မရအောင်ကျပ်တယ်ဆို Size သေးတာပါ ။ လက်ချောင်းတစ်ခုစာထက်အများကြီးကျယ်ရင် Size ကြီးနေပါတယ် ။ ရင်သားက cup ပေါ်အများကြီးပြည့်တက်နေရင် Cup size သေးနေတာဖြစ်ပါတယ် ။

နောက်တစ်ဆင့်အနေနဲ့ bra fit မဖြစ်တဲ့အခါ ဘာတွေဖြစ်တတ်လည်း ပြောပြချင်ပါတယ် ။

Bra ဝယ်တဲ့နေရာမှာ ပုံမကျတဲ့ bra တစ်ခုဟာ သူ့အပေါ်ကထပ်ဝတ်မယ့် အဝတ်အထည်တွေရဲ့ ပုံကျမှုကိုဖျက်ဆီးနိုင်တဲ့အပြင် ကိုယ့်ကျန်းမာရေးကိုပါထိခိုက်နိုင်ပါတယ် ။ အရမ်းကျပ်တဲ့ bra က ပခုံးကိုဝိတ်ပိုထမ်းရသလိုဖြစ်စေပြီး အရမ်းချောင်တဲ့ bra က ရင်သားတွေကိုအောက်ကိုတွဲကျစေပါတယ် ။

ပုံကျသပ်ရပ်တဲ့ bra တစ်ထည်ဟာ Cup နှစ်ခုရဲ့အလယ်မှာ အကွာအဝေးတစ်ခုရှိပြီး အဲ့ကြားကသားရေပြားကရင်ဘတ်ကိုကပ်နေပါတယ် ။ ရင်သားတွေနေရာကျပြီး ဘေးကိုကားတာအလယ်ကိုစုတာမျိုးမဖြစ်ပါဘူး ။ အဲ့လို့တိကျသပ်ရပ်တဲ့အတွက် ခန္ဓာကိုယ်အနေအထားသက်တောင့်သက်သာရှိပြီး အသက်အရွယ်ကြီးလာတဲ့အထိ ရင်သားတွေပုံစံကျလှပစေပါတယ် ။

Bra ဝယ်တော့မယ်ဆိုရင် အရှေ့ကဆိုဒ်က ခန္ဓာကိုယ်ပတ်လည်အကျယ်အဝန်းဖြစ်ပြီး နောက်က cup size ကိုညွှန်းတာဖြစ်ပါတယ် ။ ဥပမာ 34B ဆိုပါစို့ 34 ကခန္ဓာကိုယ်ပတ်လည်အကျယ် B ကရင်သားအရွယ်အစားပါ ။ အမျိုးသမီးနှစ်ယောက်မှာ ခန္ဓာကိုယ်အကျယ်တူပေမယ့် ရင်သားအရွယ်အစားမတူတဲ့အခါ 34 ကိုမှာ ရင်သားသေးရင် 34A ရင်သားပုံမှန်အရွယ်အစားဆို 34B ရင်သားအနည်းငယ်ပိုကြီးရင် 34C တော်တော်လေးရင်သားပြည့်ရင် 34D စသဖြင့်ခွဲခြားရပါတယ် ။ တစ်ခါတစ်ရံကျတော့ ရင်သားအရွယ်တူကြတယ် ။ ပိန်တာဝတာကွာတဲ့အခါ ပိန်တဲ့သူက 32B ဖြစ်ပေမယ့် သူ့ထက်ခန္ဓာကိုယ်ပြည့်သူက 34B နည်းနည်းပိုပြည့်သူက 36B စသဖြင့်ကွဲသွားပါတယ် ။

တစ်ကယ်လို့ နည်းစနစ်တကျတိုင်းနည်းကို မှတ်ထားချင်တယ်ဆိုရင် ဖြိုးဒီနည်းလေးပြောပြပေးပါမယ် ။ ပထမဆုံးပေကြိုးယူပြီး ဖြိုးတို့ bra ဝတ်တဲ့အခါရင်သားအောက်ခြေကနေခန္ဓာကိုယ်ကို ပတ်တဲ့သားရေပြားအတိုင်းလိုက်တိုင်းလိုက်ပါ ။ ပတ်လည်က ၃၄ လက်မဆိုပါစို့ ။ နောက်တစ်ဆင့်မှာ ရင်သားရဲ့အမြင့်ဆုံးအမှတ် ( nipple area ) ကိုပတ်လည်တိုင်းပါ ။ ၃၇ လက်မဆိုပါစို့ ။

ပထမတိုင်းတဲ့ ခန္ဓာကိုယ်ပတ်လည်အတိုင်းအတာ 34 ကကိုယ့် bra ဆိုဒ်ပါ ။

အမြင့်ဆုံးအမှတ် 37″ – ပတ်လည် 34″ = 3 ဆိုရင်
ကိုယ့်ရဲ့ Cup size က C ပါ ။ ဒါဆိုရင် ကိုယ်ဝတ်ရမယ့် bra က 34C လို့အတိအကျထွက်ပါတယ် ။

အတိုင်းအတာနှစ်ခုခြားနားခြင်းမှာရလာတဲ့ ကိန်းဂဏန်းကိုကြည့်ပြီး Cup size ရွေးရတဲ့ဇယားလေး ပုံထဲမှာပြပေးထားပါတယ် ။ ပုံလေးတွေနဲ့ပြထားလို့ မြင်သာမယ်လို့ထင်ပါတယ်ရှင့် ။

နောက်ဆုံးအနေနဲ့ပြောချင်တာလေးကတော့ bra တွေ underwear တွေက လူမမြင်ရတဲ့နေရာမှာဝတ်ဆင်ရပေမယ့် ကိုယ်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးအရရော အဝတ်အစားပုံကျရေးအရတော့ အရေးကြီးတဲ့နေရာမှာပါနေတာမို့ အတွင်းခံအဝတ်တွေဝယ်တဲ့အခါ quantity လို့ခေါ်တဲ့ အရေအတွက်ထက် quality လို့ခေါ်တဲ့အရည်အသွေးကို ဦးစားပေးစေချင်ပါတယ် ။

အကောင်းစားကြီးဝယ်ဝတ်စရာမလိုပါဘူး ။ သင့်တင့်တဲ့ဈေးနှုန်းနဲ့အရည်အသွေးကောင်းတာလေးကို သန့်ရှင်းစွာလျှော်ဖွပ်ဝတ်ဆင်ဖို့တော့လိုအပ်ပါတယ် ။ ဒီနေ့ဖြိုးပြောသွားတာလေးတွေက တစ်ကယ်ကိုအမျိုးသမီးထုအတွက် လိုအပ်တဲ့ဗဟုသုတပေးနိုင်မယ့်လို့ မျှော်လင့်မိပါတယ် ။ ကိုယ်တိုင်အတွက် အဆင်ပြေတယ်ဆို ကိုယ့်မိတ်ဆွေချစ်ရသူတွေအတွက်လည်း ဗဟုသုတ sharing လေးလုပ်တဲ့အနေနဲ့ like & share လေးလုပ်ပေးပါဦးလို့ ပန်ကြားရင်းနှုတ်ဆက်လိုက်ပါတယ် ။

ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။ #phyodaybyday #pdbdknowledge

Leave Your Comment