Collagen အကြောင်းသိကောင်းစရာ ။

အခုနောက်ပိုင်း cosmetics , health နဲ့ lifestyle product တွေမှာ collagen ဆိုတာတော်တော်လေးနေရာယူပါဝင်လာကြပြီး collagen ကိုသပ်သပ် supplements အနေနဲ့ပါသုံးစွဲနိုင်အောင်ရောင်းချပေးနေတဲ့ တံဆိပ်တွေရှိနေပါပြီ ။ ဆိုတော့ကာ … Collagen ဆိုတာဘာလည်း ? လူတွေအတွက်ဘာကောင်းကျိုးတွေလုပ်ပေးနိုင်လည်း ? သိချင်နေကြမယ်လို့ထင်ပါတယ် ။ ဖြိုးကအခုပိုစ်လေးမှာ ဖတ်ရှုမှတ်သားမိသလောက် ပြန်ပြောပြပေးပါမယ်နော် ။

Collagen ဆိုတာလူတွေရဲ့ခန္ဓာကိုယ်မှာတွေ့ရတဲ့ protein အမျိုးအစားတစ်ခုပဲဖြစ်ပြီး ကြွက်သား ၊ အရိုးနဲ့ အရေပြားတို့မှာတွေ့ရပါတယ် ။ Collagen ကလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခုတွယ်ကပ်နေအောင် မြဲနေအောင်လုပ်ပေးထားတဲ့ scaffolding တစ်ခုလို လုပ်ဆောင်ပါတယ် ။ လူခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံနဲ့ စွမ်းအားကို collagen ဆီကရပါတယ် ။

Collagen မှာ Endogenous နဲ့ Exogenous ဆိုပြီး နှစ်မျိုးရှိပါတယ် ။ Endogenous ကခန္ဓာကိုယ်အတွင်းပိုင်းကသဘာဝ collagen ဖြစ်ပြီး Exogenous ကတော့ ပြင်ပကနေလူတွေလုပ်တဲ့ collagen ပါ ။ ဆေးဝါးတွေ အစားအသောက်တွေကနေ ရနိုင်ပါတယ် ။

Endogenous Collagen ဟာလူ့ခန္ဓာကိုယ်အတွက်အရေးကြီးပြီး လုပ်ငန်းဆောင်တာတော်တော်များများကို ခန္ဓာကိုယ်အတွက်လုပ်ဆောင်ပေးနေပါတယ် ။ သူ့ဆီကချို့ယွင်းချက်တွေဖြစ်လာရင် လူ့ကျန်းမာရေးပြသနာတွေလည်း ပေါ်လာနိုင်ပါတယ် ။

Exogenous Collagen ကိုတော့ လူတွေကကျန်းမာရေးနဲ့ အလှအပရေးရာတွေအတွက် အသုံးပြုတီထွင်ထားတာပါ ။ ဆေးဝါးဖက်ဆိုင်ရာမှာတော့ ပျက်စီးနေတဲ့တစ်ရှုးတွေကိုပြုပြင်ရာမှာအသုံးပြုပြီး အလှအပဖက်မှာဆိုရင် Collagen ထိုးသွင်းပြီး အသားအရေပြန်လည်တင်းရင်းလာအောင်လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသူံးပြုနေကြပါပြီ ။

Collagen နဲ့ပက်သက်ရင် လူတွေကြားအငြင်းပွားနေကြတာက Collagen ပါဝင်တယ်ဆိုတဲ့ ဖြည့်စွက်စာနဲ့ skincare တွေက တစ်ကယ်ထိရောက်မှု ရှိမရှိဆိုတာပါ ။ အရင်တုန်းကတော့ Collagen သုံးစွဲမှုကျယ်ကျယ်ပြန်ါပြန့်မရှိပဲ တော်တော်များများကတော့ Collagen မော်လီကျူးတွေက ကြီးမားတာကြောင့် အရေပြားထဲကိုစိမ့်ဝင်နိုင်မှုမရှိလို့ အကျိုးမထူးနိုင်ဖူးလို့ လက်ခံထားကြပေမယ့် ဒီနေ့ခေတ်မှာတော့ Collagen ဖြည့်စွက်စာသီးသန့်ရောင်းချတဲ့ နာမည်ကြီးတံဆိပ်တွေတောင်ရှိနေပြီမို့ ဖြိုးတို့အဲ့အချက်ကို ပြန်စဉ်းစာရမယ်ထင်ပါတယ် ။

အခုဆက်ပြီးတော့ လူခန္ဓာကိုယ်ထဲက Collagen ဘာတွေကြောင့် လျော့နည်းလာနိုင်လည်းဆိုတာလေးကို ပြောပြပေးပါမယ် ။

– သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးမှုက Collagen ကို ခြောက်သွေ့ အားနည်းစေနိုင်ပါတယ် ။ အိုမင်းလွယ်စေပါတယ် ။

– ဆေးလိပ်ဆေးရွက်သောက်သူံးမှုက အရေပြားထဲက collagen တွေကိုပျက်စီးစေပါတယ် ။

– တိုက်ရိုက်နေရောင်ခြည်နဲ့ထိတွေ့မှုကလည်း အရေပြားထဲက collagen တွေကို ထိခိုက်စေတဲ့ အချက်တစ်ခုပါ ။

– Genetic change တစ်ခုခုဖြစ်ပွားခဲ့လို့ Collagen ကို ပုံမှန်အောက်ပဲထုတ်တာ အများကြီးပိုထုတ်တာ စတဲ့ပုံမှန်မဟုတ်တဲ့ ပြသနာတွေလည်း တစ်ချို့မှာဖြစ်ပွားပါတယ် ။

– အသက်အရွယ်အိုမင်းလာမှုကြောင့် Collagen ထုတ်လုပ်မှုနည်းပါးလာတာကလည်း လူတိုင်းမှာဖြစ်မယ့် အရာတစ်ခုပါ ။ ဒီအချက်ကိုတော့ ဘာနဲ့မှ တားဆီးလို့ရမှာမဟုတ်ပါဘူး ။

အခုနောက်ပိုင်း ဖြိုးတို့ဆီမှာခေတ်စားလာတဲ့ ကြိုးထိုးတယ်လို့ခေါ်တဲ့ မျက်နှာအရေပြားအောက်ကို Collagen string လေးထိုးသွင်းပြီး အရေပြားပြန်လည်တင်းရင်းအောင်လုပ်တာလေးတွေက အသက်ရလာသူတွေ ပြန်လည်နုပျိုဖို့ ထိရောက်တဲ့နည်းတစ်ခုလို့ပြောလို့ရပါတယ် ။

ဖြည့်စွက်စာတွေ ဆေးဝါးတွေနဲ့ အရေပြားထဲမှာ collagen တိုးပွားအောင်လုပ်တာတွေကလည်း ထိုက်သင့်သလောက် အရေပြားရဲ့နုပျိုမှုကို အထောက်အကူပြုတာမို့ စိတ်ချရတဲ့အသိအမှတ်ပြုလက်မှတ်ရ Collagen ဆေးဝါးတွေကို ဆရာဝန်နဲ့တိုင်ပင်သုံးစွဲနိုင်ပါတယ် ။

အခုလောက်ဆို အရမ်းခေတ်စားနေတဲ့ Collagen ရဲ့ သဘာဝကိုဗဟုသုတအနေနဲ့ အားလုံးသိသွားကြမယ်လို့ ထင်ပါတယ်ရှင့် ။ နောက်လည်းဒါမျိုးဗဟုသုတရစရာ post လေးတွေနဲ့ ပြန်လာခဲ့ပါဦးမယ်နော် ။

ကောင်းသောညလေးဖြစ်ကြပါစေရှင် ။ #phyodaybyday#pdbdreview

Leave Your Comment