Men’s Corner: အမျိုးသားတို့အတွက် Skincare ဘယ်ကစလုပ်မလည်း ? ဘာတွေသုံးမလည်း ? ဆောင်ရန်ရှောင်ရန်ဗဟုသုတများ !!!

Hello !!! အားလုံးပဲမင်္ဂလာပါ ။

ဒီတစ်ခါတော့ မမတွေအလှည့်မဟုတ်တော့ဘူး ။ ကိုကိုတွေမောင်မောင်တွေအလှည့်ပါရှင့် ။ ဒီနေ့လိုတိုးတက်တဲ့ခေတ်ကြီးမှာ အမျိုးသားတွေလည်း တစ်ကိုယ်ရည်သန့်ရှင်းမှု အသားရည်ကောင်းမွန်မှုနဲ့ Fashion ကျနမှုစတဲ့ အမျိုးသမီးတွေလောက်မရှုပ်ထွေးပေမယ့် ပိုမိုကောင်းမွန်သပ်ရပ်တဲ့ အသွင်အပြင်တစ်ခုကိုဖော်ဆောင်ပေးနိုင်မယ့်အရာတွေရဲ့ တန်ဖိုးကိုနားလည်လာပါပြီ ။ အကူအညီကိုလည်းလိုချင်လာကြပါပြီ ။ ဒါပေမယ့် ယောက်ျားလေးတွေရဲ့အတွေးထဲမှာ အဓိပ္ပါယ်မရှိတဲ့အယူသည်းမှုတစ်ခုရှိနေပါတယ် ။ ဘာလည်းဆိုတော့ –

ပုံမှန်ထက်ပိုသန့်သန့်ပြန့်ပြန့်နေစရာမလိုဘူး ။ ယောက်ျားလေးပဲကွာ ဒါတွေမလိုပါဘူးဆိုတဲ့အတွေးပါ ။ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်တဲ့ ယောက်ျားလေးဆိုရင်တောင်မှ so gay ဆိုပြီးဟားချင်ကြပါသေးတယ် ။ တစ်ကယ်ကလေ ကျွန်မတို့မိန်းကလေးတွေက တရားလွန်မဟုတ်ပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်တဲ့ယောက်ျားလေးတွေကို ပိုအထင်ကြီးတာများပါတယ် ။ ဘယ်ပဲသွားသွားကိုယ့်ချစ်သူခင်ပွန်းက သန့်ပြန့်နေရင်စိတ်ထဲမှာကျိတ်ဂုဏ်ယူတတ်ကြတာပေါ့ ။ အဝတ်အစားကကိုယ့်အသားအရည်နဲ့သန့်ပြန့်မှုကိုဖုံးကွယ်ပေးရလောက်အောင်မစွမ်းပါဘူး ။ အဲ့တော့ မမတွေတင်မကပဲ အသားအရည်ထိန်းသိမ်းမှုကို ကိုကိုတွေလည်းလိုပါတယ်ဆိုတာ ကျွန်မပြောပြပေးမယ်နော် ။

နေ့စဉ် Skincare Steps များ ။

အမျိုးသားတွေက အားလုံးသိကြတဲ့အတိုင်း ကရိကထများတာမခံနိုင်ကြပါဘူး ။ အဲဒါ့ကိုသိတဲ့ Men product ထုတ်လုပ်သူတွေက all in one product တွေထုတ်ပေးပါတယ် ။ အဲတော့အမျိုးသားတွေအတွက်က အမျိုးသမီးတွေလို ပစ္စည်းတွေအများကြီးမလိုပါဘူး ။ ဘာတွေလိုမလည်းဆိုတော့ –

၁။ အမျိုးသားတွေမှာ အဆီနဲ့အညစ်အကြေးပိုထွက်ပြီး မျက်နှာရဲ့အတွင်းမှာနက်ရိုင်းစွာကပ်နေလေ့ရှိတာကြောင့် မျက်နှာသစ်ဆေးကောင်းကောင်းတစ်ခုလိုအပ်ပါတယ် ။ အမြှုပ်များများထွက်ပြီး အညစ်အကြေးသန့်စင်အားကောင်းတဲ့ Facial Foam ရွေးချယ်သင့်ပါတယ် ။ Carbon ကနေထုတ်တဲ့ Men Care product တော်တော်များက အညစ်အကြေးစုပ်ယူအားကောင်းပြီး အမျိုးသားအများစုနဲ့သင့်တော်မှုရှိပါတယ်။

၂။ အမျိုးသားတွေအတွက် တိုနာသုံးတာထက် After shave ကောင်းကောင်းရွေးသုံးပေးတာပိုကောင်းပါတယ် ။ တစ်ချို့ brand တွေမှာ after shave တွေကတစ်ခါတည်း toner effect ကိုပါပေါင်းပေးထားတာမျိုးတွေလာပါတယ် ။

၃။ နောက်တစ်ဆင့်မှာတော့ Skin Moisture ကိုထိန်းထားဖို့ပါ ။ အမျိုးသားတွေအနေနဲ့တော့ ပူလည်းပူတတ် Cream တွေလည်းမကြိုက်ကြတာမို့ Toner > Moisture နဲ့တစ်ခြားလိုအပ်တာလေးတွေ ၂ ခု ၃ ခုရောပေးထားတဲ့ All in one cream တွေရှိပါတယ် ။ တစ်ဆင့်ခြင်းစီသုံးရမှာပျင်းရင် ဒါမျိုး cream.တစ်ခုလိမ်းလိုက်လို့ရပါတယ် ။ ဒါပေမယ့်နေ့တိုင်းလိမ်းမှဖြစ်မယ်ဆိုတာကိုဂရုစိုက်ပေးပါ ။ နို့မို့ဆိုအဆီတဝင်းဝင်းနဲ့ကြည့်ရဆိုးတဲ့ skin အခြေအနေကနေ လွတ်မြောက်မှာမဟုတ်ပါဘူး ။

၎။ နေပူထဲသွားရင် sunscreen လိမ်းဖို့လိုပါတယ် ။ Sunscreen ကို cream type မကြိုက်ရင် spray type လာတာရှိပါတယ် ။ Spf 35 နဲ့အထက်ပါတာရွေးပြီး နေပူထဲသွားတာနဲ့ သတိတရလိမ်းပေးပါ ။

၅။ နောက်တစ်ချက်က တစ်ကိုယ်ရည်သန့်ရှင်းရေးပါ။ အမျိုးသားတွေမှာအလှပြင်စရာမလိုပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကတော့ ဘယ်အမျိုးသားမဆိုဂရုစိုက်စရာလိုပါတယ် ။ ဦးခေါင်းပိုင်ဦးရေပြားနဲ့ဆံပင် ၊ မျက်နှာအသားအရေ ၊ ခန္ဓာက်ုယ်ချေးညှော်ကင်းပြီး ခြေသည်းလက်သည်းတွေသန့်ရှင်းမှုစတဲ့အားလုံးဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးပါပဲ ။ ဒါတွေကိုဂရုစိုက်သန့်ရှင်းအောင်နေလို့ လှချင်စိတ်ဖြစ်တာမဟုတ်ဘူးဆိုတာလည်း အမျိုးသားအားလုံးကို သိစေချင်ပါတယ် 😅

၆။ အမျိုးသားအများစုက ဆေးလိပ်သောက်တတ်တာမို့ ခံတွင်းအနံ့ကို သတိထားပြီး အနံ့အသက်ကောင်းရအောင် သွားနဲ့ခံတွင်းကို သေချာဂရုစိုက်သင့်ပါတယ် ။ လျှာတိုက်ဆေးနဲ့တစ်နေ့နှစ်ကြိမ်တိုက်ပေးတာမျိုး အစာစားပြီးတိုင်းပလုတ်ကျင်းတာမျိုးက ခံတွင်းနံ့ကိုထိန်းချုပ်ပေးနိုင်ပါတယ် ။

ကဲဆက်ပြီးပြောရရင် Personal gromming ဘက်ရောက်တော့မယ် ။ တော်ကြာမိန်းကလေးတွေကို ဆရာလုပ်တာအားမရလို့ ယောက်ျားလေးတွေကိုပါဆရာလုပ်နေပြီ ထင်ကြမှာလည်းဆိုးပါတယ် ။ ဒါပေမယ့် ကျွန်မရဲ့ follower တွေထဲမှာအခုနောက်ပိုင်းအမျိုးသားတွေလည်းပါလာတာမို့ ကိုယ်သိထားတဲ့ Man care နည်းနည်း share ပေးတာပါ ။ အမျိုးသားတွေမဖတ်ဖြစ်ဘူးဆိုရင်တောင် အမျိုးသမီးတွေဖတ်ဖြစ်ရင် ကိုယ့်ရဲ့ချစ်ချစ်တွေကို ဂရုစိုက်ဖို့ပြန်ပြောပြပေးလိုက်ကြပါနော် ။ ဒီနေ့တော့ ဒီလောက်ပါပဲ ။ နောက်ပို့စ်မှာပြန်ဆုံမယ်နော် ။

See You !!! #phyodaybyday #pdbdmenscorner

 

16 Comments

  1. کادو ولنتاین

    I beloved as much as you will obtain carried out proper here. The caricature is tasteful, your authored material stylish. nevertheless, you command get bought an nervousness over that you want be handing over the following. sick unquestionably come further in the past once more as exactly the similar just about a lot incessantly inside of case you shield this increase.
    کادو ولنتاین https://www.instapaper.com/read/1160451023

  2. EdwardTwedy

    Недавно нашел замечательную книгу про Аргентину,купил в электронном формате, после прочтения сразу захотелось посетить эту удивительную страну,правда, возможности пока нет, но вот хотя бы уже многое знаю о ней и надеюсь еще побывать. Покупал вот тут , там и электронную и печатную можно купить.

  3. Michaelsic

    Удивительное явление произошло в Австралии,озеро в одном городском парке сменило свой цвет и стало розовым!Увидеть озеро,прочитать как это произошло можно тут

Leave Your Comment