My favorite Lipsticks of 2018 : Fenty Beauty Stuna Lip-Paints !!!

December လတစ်ရက်နေ့တောင်ရောက်ပြီဆိုတော့ ဖြိုးတို့မကြာခင် 2018 ကိုနှုတ်ဆက်ရတော့မှာပါ ။ ဒီတော့ဖြိုးတို့ ဒီတစ်နှစ်လုံးမှာသုံးခဲ့ စမ်းခဲ့တဲ့ product တွေထဲက အကြိုက်ဆုံးလေးတွေကို ပြန်ထုတ်နှုတ်လိုက်ရအောင်ပါ ။ ဖြိုးဒီနေ့တော့ နောက်ဆုံးအနေနဲ့ လက်ကမချနိုင်အောင်ဆိုးဖြစ်နေတဲ့ lipstick တွေအကြောင်း အရင်စပြောချင်ပါတယ် ။

Beauty Mogul တွေ Beauty Guru တွေ Celebirity တွေရဲ့ Cosmetics lable တွေအပြိုင်အဆိုင်ထုတ်နေကြတဲ့ထဲက Fenty Beauty ကို ဖြိုးအရမ်းခိုက် အရမ်းကြိုက်ပါတယ် ။ Fenty Founder ဖြစ်တဲ့ Rihanna ဟာ မိတ်ကပ်ထုတ်ရုံသပ်သပ်မဟုတ်ပဲ သူများနဲ့မတူ ခေတ်ရှေ့ပြေးပြီး အမိုက်စားတွေအမြဲဖြစ်နေတဲ့ သူရဲ့စတိုင်တစ်ခုလုံးကို အနီးကပ်ဆုံးခံစားမိသလိုမြင်မိလို့ပါ ။ Rihanna ကသူ့ရဲ့ brand အတွက်ပစ္စည်းတိုင်းကို တစ်ကယ်အာရုံစိုက်ပြီး အသေးစိတ်ထုတ်ထားတယ် အားစိုက်မှုရှိတယ်ဆိုတာလေးမြင်သာပါတယ် ။

အခုပြောမယ့် Stuna Lip-Paint တွေရဲ့ပထမဆုံးအရောင်ဖြစ်တဲ့ Uncensored ဆိုတဲ့အနီရောင်လေးကို စသုံးပြီးတည်းက ဒီ lipstick ကိုအကြိုက်ကြီးကြိုက်မိပြီး ဒီနှစ်အတွက် အရောင်သစ်တွေထွက်လာတဲ့အချိန်မှာတော့ ဖြိုးအရောင်စုံအောင်ဝယ်ခဲ့ပါတယ် ။ အရောင်က ၅ ရောင်ရှိပေမယ့် အနက်ရောင်ကိုတော့ ဖြိုးမဝယ်ဖြစ်ပါဘူး ။ အနက်ရောင်က ကိုယ်အရမ်းကြိုက်တဲ့အရောင်မဟုတ်တာရော မဆိုးဖြစ်မယ့်အရောင်ကို ဈေးကြီးပေးဝယ်ဖို့နှမြောမိတာရောကြောင့် ဖြိုးကျန်တဲ့လေးရောင်ကိုပဲ ဝယ်စုလိုက်ပါတယ် ။

 

Stuna Lip-Paint လို့ဆိုထားတဲ့အတိုင်း Paint ပုံစံနဲ့လာတဲ့ Lipstick အမျိုးအစားဖြစ်ပါတယ် ။ Matte lipstick တွေလို အရည်ကျဲပုံစံဖြစ်ပေမယ့် ခြောက်သွားတဲ့အခါ အရမ်းကြီးခြောက်ကပ်ပြီး နှုတ်ခမ်းသားတွေ အဖတ်လန်တာမျိုးမဖြစ်ပါဘူး ။ နှုတ်ခမ်းပေါ်မှာခြောက်သွားပေမယ့် ကြည့်လိုက်ရင်အစိုပုံစံဖြစ်နေတာ သူ့နှုတ်ခမ်းနီတွေရဲ့ထူးခြားချက်ပါ ။ Paint ဆေးတွေလိုပဲ ကိုယ်လိုသလိုဆိုးချင်တဲ့နေရာကို အသေးစိတ်တိကျသပ်ရပ်နေအောင် အရည်ကျဲကျဲလေးနဲ့ ဆွဲယူပြီးဆိုးလို့ရပြီး ၁ မိနစ်လောက်မှာ ခြောက်သွားပါတယ် ။

Color transfer ဖြစ်မှုမရှိပဲ နှုတ်ခမ်းပေါ်မှာအစားအသောက်စားလည်း ပေပွကုန်တာမျိုးမရှိပါဘူး ။ ဖျက်တဲ့အခါမှာလည်း အဆီနဲ့ဖြစ်ဖြစ် remover water နဲ့ဖြစ်ဖြစ် အလွယ်တကူဖျက်လို့ရပြီး နှုတ်ခမ်းသားမှာအရောင်စွဲနေတာ ဖျက်လိုက်တဲ့အခါ နှုတ်ခမ်းသားခြောက်ကျန်ခဲ့တာ အဖတ်လန်တာတွေ မဖြစ်တဲ့ paint type lipstick မို့ ဖြိုးအမြဲရွေးဆိုးဖြစ်တာပါ ။

အရောင်အနေနဲ့ Red , Mauve ( dusty-rose ) , Nude , True brown & Black ဆိုပြီး ၅ ရောင်ထုတ်ထားပါတယ် ။ သူ့ရဲ့ထူးခြားချက်က ထုတ်ထားတဲ့အရောင်တိုင်းက အသားအရောင်အကုန်လုံးပေါ်မှာလှနေအောင်သေချာလုပ်ပေးထားပြီး လူတိုင်းနဲ့လိုက်ဖက်တဲ့အရောင်တွေဖြစ်ပါတယ် ။ ဖြိုးတို့မြန်မာအမျိုးသမီးတွေနဲ့တော့ Red , Mauve , True brown တွေနဲ့ အထူးလိုက်ဖက်နိုင်ပါတယ် ။

 

ဈေးနှုန်းအနေနဲ့ကတော့ ဖြိုးနောက်ဆုံးတစ်ခေါက်ဝယ်တော့ တစ်ချောင်းကို ၄၇၀၀၀ ကျပ်ပေးရပါတယ် ။ Limecrime , Kylie တို့တောင် ၂၀၀၀၀-၃၀၀၀၀ ဝန်းကျင်ပဲပေးရတာမို့ Fenty ကဈေးတော်တော်မြင့်တယ်လို့ပြောလို့ရပါတယ် ။ ဒါပေမယ့် သတိထားမိတာ သူ့ရဲ့ formula ကြောင့်လား ခဏခဏပြန်မဆိုးရလို့လားမသိဘူး အကြာကြီးခံပါတယ် ။ ဒါတောင်ဖြိုးကအမြဲလိုမိတ်ကပ်လိမ်းပြီး ခဏခဏဆိုးဖြစ်တဲ့သူမျိုးပါ ။ နောက်ပြီးသူ့ formula က တစ်ခြား matte တွေလို ဆိုးပါများပြီး ကြာလာရင်ပိုပျစ်လာတာမျိုးမရှိတာလည်း ကျေနပ်စရာကောင်းပါတယ် ။

ဝယ်ယူချင်တဲ့သူတွေအနေနဲ့ သူ့ရဲ့ fenty website မှာဖြစ်ဖြစ် Sephora ရဲ့ website မှာဖြစ်ဖြစ်ကြည့်ပြီး US online store တွေမှာ မှာကြားလို့ရပါလိမ့်မယ် ။

Review လေးကနည်းနည်းလည်းရှည်သွားပြီမို့ ထပ်ပြောပြချင်သေးတဲ့ Fenty Gloss လေးတွေအကြောင်း နောက်တစ်ပို့စ်အနေနဲ့ ထပ်တင်ပေးမယ်နော် ။ Gloss လေးတွေကလည်း ဝယ်ဖို့တစ်ကယ်သင့်တော်ပြီး အမြဲတမ်းဆိုးဖြစ်ဖို့သေချာတဲ့ gloss တွေမို့ ဒီဟာလေးတွေကို စိတ်ဝင်စားတဲ့သူတွေနဲ့ မကြာခင်ြ့ပန်ဆုံကြမယ်လေနော် ။

ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။ #phyodaybyday #pdbdreview#pdbd2018fav

Leave Your Comment