ဆောင်းတွင်းမှာ အဆီပြန်သူတွေသုံးလို့အဆင်ပြေမယ့် Moisturizer – ၄ မျိုး

အားလုံးပဲမင်္ဂလာပါနော်

မနေ့ကဖြိုး ဆောင်းရာသီအတွက် skincare post လေးတင်ပေးတော့ အတော်များများ ဆောင်တွင်းမှာသုံးဖို့ moisturizer မေးကြတာတွေ့ပါတယ် ။ အထူးသဖြင့် အသားလည်းခြောက်တယ် အဆီလည်းပြန်တယ်ဆိုတဲ့ skin ပိုင်ရှင်တွေပါ ။ ဒီကာလမှာ ဒီပြသနာတော်တော်ဖြစ်ကြတာ နှစ်တိုင်းတွေ့ပါတယ် ။ ဖြိုးကိုယ်တိုင်လည်း ဖြစ်နေကျပြသနာပါ ။

အဆီပြန်ရဲ့သားနဲ့အသားဘာလို့ခြောက်တာလည်း moisturizer တွေလည်းလိမ်းပါတယ်ဆိုတာမျိုး မေးကြပါတယ် ။ ဘာလို့ဖြစ်တာလည်းဆိုတော့ ဖြိုးတို့လို အဆီပြန်တတ်သူတွေက moisturizer ကို oil free gel type ကျဲကျဲလေးတွေသုံးနေကျဆိုတော့ ဆောင်းဝင်လာလို့ လေထုအရမ်းခြောက်သွေ့လာတဲ့အခါ အဲ့ဒီ့ moisturizer လေးတွေရဲ့ ရေဓာတ်ထိန်းနိုင်မှုက မလုံလောက်တော့ပါဘူး ။ အဲ့မှာ moisturizer လိမ်းရက်နဲ့ အသားတွေခြောက်လာပါတယ် ။ ဒီလိုပြသနာအတွက် ဖြိုးတို့တွေဒီကာလမှာ ပြောင်းလိမ်းရမှာက အဆီမပါတဲ့ moisturizer တွေကိုပဲ အရည်ကျဲကျဲမဟုတ်တော့ပဲ cream လိုထုတ်ပေးထားတဲ့ Gel cream လေးတွေပါ ။ အဆီမပါပေမယ့် Gel ကိုပဲ အရင်ကထက်ပိုပစ်တာမို့ ရေဓာတ်အကြာကြီးထိန်းပေးနိုင်ပြီး အခုလိုဆောင်းတွင်းမှာ အသားခြောက်တာကို သက်သာစေပါတယ် ။

ဖြိုးဒီနှစ်တွေအတွင်း လိမ်းဖြစ်ခဲ့တဲ့ အကြိုက်ဆုံး Gel cream လေး ၄ မျိုးကို ဒီပို့စ်လေးကနေပြောပြပေးသွားပါမယ် ။ အခုစပြောလိုက်မယ်နော် ။

Clinique Moisture Surge

Clinique moisture surge က အရမ်း smooth ဖြစ်တဲ့ Gel cream အမျိုးအစားဖြစ်ပြီး တော်တော်လေး လိမ်းလို့ကောင်းပါတယ် ။ တစ်ကယ့် Cream အဆီပါတဲ့ဟာမျိုးလိမ်းရသလောက်ကို ချောမွေ့ပြီး အသားထဲစိမ့်ဝင်မှုမြန်ပါတယ် ။ လိမ်းထားပြီးတာနဲ့ skin အစိုဓာတ်ပြည့်တာမြန်ပြီး တစ်ခါလိမ်းပေးထားတာနဲ့ အကြာကြီးအစိုဓာတ်ရနေအောင်လုပ်ပေးတဲ့ gel cream အမျိူးအစားပါ ။ အသားပတ်နေတဲ့သူတွေ အသားအရေချောမွေ့မှုမရှိသူတွေ အရေးအကြောင်းဖြစ်လွယ်သူတွေအတွက်အဆင်ပြေပြီး အသားအရည်အမျိူးအစားအားလုံးလိမ်းမယ်ဆို အဆင်ပြေပါတယ် ။ အဆီပြန်တဲ့သူတွေလည်း အဆီတွေထွက်လာမှာမပူရတဲ့ အဆီလုံးဝမပါတဲ့ product ပါ ။

သူကစျေးနည်းနည်းတော့မြင့်ပါတယ် ။ ရန်ကုန်မှာဆို Myanmar Plaza, Junctin City, City Mall စတဲ့နေရာတွေက Clinique ကောင်တာတွေမှာဝယ်လို့ရနိုင်ပါတယ် ။

URIAGE EAU Theramle Light Water Cream

Moisturizer ကိုစျေးသင့်ပြီး တစ်ခြား benefit တွေအစုံမပါလည်းရတယ် ရေဓာတ်သေချာဖြည့်ပေးနိုင်တဲ့ product ကောင်းကောင်းလေးမျိုးရှာနေတယ်ဆိုရင် Uriage water cream ကိုညွှန်းချင်ပါတယ် ။ ဒီ line က Face and Body အတွက် product အစုံရနိုင်ပါတယ် ။  သူ့ရဲ့ Face product တွေက အဆီပြန်တတ်တဲ့သူတွေ တစ်နှစ်ပတ်လုံးသုံးလို့ရပြီး ဆောင်းတွင်းအတွက်ဆိုပိုသင့်တော်ပါတယ် ။ Water base cream က လိမ်းထားရင် skin ပေါ်မှာအရမ်းပေါ့ပါးပြီး လိမ်းထားတယ်လို့မထင်ရတဲ့ comfort ကိုပေးနိုင်တဲ့အပြင် အစိုဓာတ်အတော်ကြာကြာထိန်းပေးနိုင်ပါတယ် ။

သူ့ကို Citycare နဲ့ တစ်ခြား medical store တော်တော်များများမှာဝယ်လို့ရနိုင်ပြီး Myanmar Plaza ပထမထပ်က Beauty Treasures မှာလည်းရနိုင်ပါတယ် ။

Vi-Ho Dramatic Jelly Cream

ဖြိုး review တစ်ခါလုပ်ဖူးတဲ့ ViHo ရဲ့ jelly cream ကလည်း ဒီရာသီမှာ အဆီပြန်တတ်သူတွေသုံးမယ်ဆို သင့်တော်တဲ့ product တစ်ခုပါ ။ ပုံမှန် Gel တွေထက် ပိုထူတဲ့ jelly cream ပုံစံမျိူးနဲ့လာပြီး လိမ်းလိုက်ပြီး Skin ပေါ်မှာ cream လုံးဝမကျန်ခဲ့တဲ့ finish မျိုးကျန်ခဲ့တာကိုကြိုက်တဲ့သူတွေရွေးသင့်တဲ့ product ပါ ။ အစိုဓာတ်တော့ပြည့်နေတယ် skin ပေါ်မှာဘာမှတင်မနေဘူးလိုပုံစံမျိူးပေါ့ ။ Jelly ကိုလိမ်းရသလိုမျိူးမို့ လိမ်းပြီးရင် skin ကပါ တင်းပြီး bouncy ဖြစ်သွားပါတယ် ။ ဖြိုးဂျပန်သွားတုန်းက ရေခဲမှတ်ရောက်လုနီးပါး 3°C အအေးချိန်မှာ မိတ်ကပ်တစ်နေကုန်ခံအောင် အဆီမကွက်အောင် အရမ်းအေးတော့အသားလည်းမပတ်အောင် ဒီ product ကိုပဲသုံးရင်းနဲ့အဆင်ပြေသွားခဲ့တာပါ ။

ViHo product တွေကလည်းစျေးသင့်ပြီး ဝယ်မယ်ဆိုသူတို့ရဲ့ Facebook page, Citycare, Medicare နဲ့ တစ်ခြား online ကအရောင်းကိုယ်စားလှယ်တွေဆီမှာရနိုင်ပါတယ် ။

Syrenē Aqua Intense Cream

Syrenē က Newzeland ကထုတ်တဲ့ product ဖြစ်ပြီး luxury skincare brand လို့ပြောလို့ရတဲ့ brand မျိုးပါ ။ သူ့ရဲ့ Aqua Intense Cream လေးကို မထင်မှတ်ပဲသုံးဖြစ်ရင်းက အရမ်းကြိုက်သွားခဲ့တဲ့ product လည်းဖြစ်ပါတယ် ။ သူက Gel Whipped Cream ပုံစံမျိူးဖြစ်ပြီး လိမ်းလိုက်ရင် လိမ်းစမှာ ရိုးရိုးအဆီပါတဲ့ cream ကိူလိမ်းတဲ့ခံစားချက်ရပြီး ခဏကြာရင် semi matte finish နဲ့ skin ပေါ်မှာအဆီလုံးဝမကျန်ခဲ့ပါဘူး ။

သူ့ရဲ့ထူးခြားချက်က Moisturizer ထဲမှာ active agent ပါလို့ serum မလိမ်းချင်တဲ့သူတွေ cream လိမ်းပြီး skin သိသိသာသာပြောင်းလဲတာမြင်ချင်တဲ့သူတွေ အတွက်သင့်တော်တဲ့ product ပါ ။ Serum + Moisturizer လိမ်းတာကတော့ ပိုထိရောက်ပါတယ် ။ ဒါပေမယ့် cream တစ်မျိုးတည်းကိုထိထိရောက်ရောက်လိမ်းချင်တယ် Nightcream အနေနဲ့ပါ သုံးချင်တယ်ဆို Syrenē ရဲ့ Aqua Intense ကအဆင်ပြေပါတယ် ။ skin breakout ဖြစ်တာနဲ့ အဆီဖု ဆားဝက်ခြံဖြစ်တာတွေလည်း သူ့ကိုသုံးလို့ဖြစ်တာမျိုးမရှိရအောင် ကာကွယ်ပေးနိုင်တဲ့ product ပါ ။

ဒီ product ရဲ့စျေးက တော်တော်လေးမြင့်ပြီး ဒီမှာဆို shop.com လို E commerce website တွေမှာဝယ်လို့ရပါတယ် ။ တစ်ချို့ online shop တွေမှာလည်း ဝယ်ယူလို့ရနိုင်ပါတယ် ။

ဖြိုးရဲ့ဒီပို့စ်လေးကို ဖတ်ဖြစ်တဲ့သူတွေထဲက တစ်ဦးကို တတိယမြောက် product လေးဖြစ်တဲ့ ViHo Dramatic Jelly Cream လေးကို giveaway အနေနဲ့ လက်ဆောင်ပေးချင်ပါတယ် ။ Giveaway ပါဝင်ချင်တဲ့သူတွေက ဒီပို့စ်လေးကို ကိုယ့်အကောင့်ထဲကသူတွေအတွက် ပြန် share ပေးပြီး ဖြိုးရွေးပေးတဲ့အခါမြင်ရအောင် share ထားတာလေးတွေကို public လေးဖွင့်ပေးထားရုံပါပဲနော် ။ Comment ပေးဖို့မလိုပါဘူးနော် 😊 တစ်ခုခုသိချင်တာမေးတဲ့ follower တွေရဲ့ comment လေးတွေ giveaway comment တွေကြားမှာပျောက်သွားမှာဆိုးလို့ပါ ။ ပြန်ပြောပေးမယ်နော် ။ Public လေးဖွင့်ပြီး Post share လေးလုပ်ပေးရင်ရပါပြီနော် ။

သိလိုတာလေးတွေရှိရင် comment box မှာ မေးထားလို့ရပါတယ် ။ ဖြိုးတတ်နိုင်သလောက် comment တွေကိုဖြေပေးသွားပါမယ်ရှင့် ။

ကောင်းသောနေ့လေးဖြစ်ကြပါစေရှင့် ။

#phyodaybyday
#pdbdwinterweek

Leave Your Comment