ဆောင်းတွင်းမှာ မိတ်ကပ်ဘယ်လိုလိမ်းကြမလည်း?

ဒီနေ့တော့ ဖြိုးမိတ်ကပ်ပြင်တဲ့ဖက်ကိုသွားပါမယ် ။ ပွဲလမ်းများတဲ့ရာသီမို့ မိတ်ကပ်တစ်ခါမဟုတ်တစ်ခါပြင်ရမယ့်အချိန်မျိူးမှာ အသားပတ်နေရင် မိတ်ကပ်တွေခြောက်သွေ့နေရင် လိမ်းရတာအဆင်မပြေ ပုံထွက်လည်းမလှတတ်ပါဘူး ။

အဲ့တော့ဖြိုးဒီနေ့မှာ ဆောင်းတွင်းအေးတဲ့အချိန် မိတ်ကပ်ကို သဘာဝကျကျ ကြည်ကြည်လေးဖြစ်နေအောင် ဘယ်အချက်တွေသတိထားဖို့လို့လည်း ပြောပြပေးသွားပါမယ် ။

၁. အရေးကြီးဆုံးက ဒီရာသီမှာ မိတ်ကပ်မလိမ်းခင် Skincare သေချာပေါက်လုပ်ပေး Mousturizer သေချာပေါက် လိမ်းပေးရမှာပါ ။ ဒါမှသာ skin ပေါ်မှာမိတ်ကပ်က စိုပြီးလှနေမှာဖြစ်ပါတယ် ။

၂. ဒီအချိန်မှာ Face primer ကို mattifying gel တို့ pore minimizers တို့လုံးဝမသုံးပဲ skin illuminating လုပ်တဲ့ primer လေးတွေ hydrating လုပ်တဲ့ primer လေးတွေသုံးပေးသင့်ပါတယ် ။ အဲ့ဒါမှအပေါ်ကထပ်လိမ်းတဲ့မိတ်ကပ် ခြောက်​ခြောက်ကြီးဖြစ်မနေပဲ ​glow နေမှာပါ ။

၃. မိတ်ကပ်နဲ့ပက်သက်တဲ့ အောက်ခံ foundation ပစ္စည်းလေးတွေကို liquid type ပဲရွေးသုံးပေးတာ skin ပေါ်မှာပိုနေလိုကောင်းပြီး လေထုခြောက်သွေ့နေတဲ့အချိန်မှာ skin ကိုအစိုဓာတ်ရနေစေမှာပါ ။

၄. ပေါင်ဒါနဲ့ပက်သက်တဲ့ powder foundation, loose powder, setting powder စတာတွေကို အခုချိန်အများကြီးမသူံးတာကောင်းပါတယ် ။ အဆီအရမ်းမပြန်တတ်ရင် ပေါင်ဒါမလိမ်းတာတောင်ပိုကောင်းပါတယ် ။

၅. Eyeshadow ပေါင်ဒါတွေက အရမ်းခြောက်သွေ့တဲ့ရာသီမှာ မျက်ခွံတွေကိုအစိုဓာတ်မရစေပဲ အရေးအကြောင်းတွေပိုသိသာစေပါတယ် ။ မျက်လုံးတစ်ဝိုက်အရေးအကြောင်းတွေများတဲ့သူတွေက creamy ဖြစ်တဲ့ eyeshadow stick လေးတွေပြောင်းသုံးပေးတာပိုပြီး မျက်ခွံပေါ်မှာ eyeshadow အရောင်ထွက်လှစေပါတယ် ။

၆. ပါးနီကိုပေါင်ဒါနဲ့ဟာတွေမသုံးပဲ Cream blusher လေးတွေ liquid blusher လေးတွေပဲသုံးပေးတာ skin ပေါ်မှာ သွေးရောင်လွှမ်းပြီးသဘာဝကိတဲ့ look ကိုရစေတဲ့အပြင် မျက်နှာခြောက်ခြောက်သွေ့သွေ့ကြီးဖြစ်နေတဲ့ look ကိုရှောင်ရှားနိုင်ပါလိမ့်မယ် ။

၇. Lipstick တွေကို matte တွေ ultra matte တွေအစား moisturizing lipstick တွေနဲ့ High shine lip gloss လေးတွေက နှုတ်ခမ်းလေးတွေဖူးပြီးစိုစေတဲ့အပြင် နှုတ်ခမ်းသားအက်ကွဲခြောက်သွေ့တာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ် ။

၈. Matte lipstick တွေ အရမ်းခြောက်တဲ့ lipstick တွေဆိုးဖြစ်တယ်ဆိုရင်လည်း သေချာလေးပြန် remove လုပ် ပြီးရင် lip scrub လေးလုပ်ပေး lip mask လေးကပ်ပေးတာမျိုးလေးတွေလူပ်ပြီး lipcare ပေးလို့ရပါတယ် ။

၉. Liquid highlighter တွေ Gloss stick တွေ storbing cream တွေဒီအချိန်မှာ ထုတ်သုံးပေးသင့်ပါတယ် ။ ဒါတွေသုံးရင်းနဲ့ ပုံမှန်နွေရာသီမှာဖြစ်တတ်တဲ့ အဆီပြန်တဲ့ look မျိုးမဖြစ်ပဲ Glow နေတဲ့ မျက်နှာလေးဖန်တီးယူလို့ရပါတယ် ။

၁၀. လေထုခြောက်သွေ့နေတာမို့ မျက်နှာတွေ ဆံသားတွေနဲ့ skin တွေမကြာခဏ ခြောက်ခြောက်သွားတတ်ပါတယ် ။ Facial mist လေးတွေ Glow mist လေးတွေဆောင်ထားပြီး ကိုယ့် skin နဲ့ ပြင်ထားတဲ့ မိတ်ကပ်တွေခြောက်လာပြီထင်ရင် လိုအပ်သလိုဖြန်းပေးလိူ့ရပါတယ် ။

ကဲ အခုပြောသွားတာလေးတွေက သိပြီးသားဖြစ်တဲ့အချက်လေးတွေပါရင်တောင် ဆောင်းတွင်းနဲ့ကိူက်တဲ့ product လေးတွေကို အကျိူးရှိရှိအသုံးချဖြစ်ဖို့ ပြန်ပြီးသတိပေးသလို ဖြစ်မယ်လို့မျှော်လင့်မိပါတယ် ။

ဆောင်းရာသီကို လှလှပပလေး ဖြတ်သန်းနိုင်ကြပါစေရှင့် 😍

#phyodaybyday

1 Comment

  1. RoyalCBD

    gsilXI This is really interesting, You are a very skilled blogger. I have joined your rss feed and look forward to seeking more of your wonderful post. Also, I ave shared your site in my social networks!

Leave Your Comment