Review 5

မင်္ဂလာပါချစ်တို့ရေ ကျွန်မပြီးခဲ့တဲ့လမှာ ပုံမှန်လတွေလို blog ပေါ်ကိုအာရုံစူးစိုက်နိုင်မှုအားနည်းခဲ့ပါတယ် ။ စိတ်တွေနည်းနည်းလျော့ကျသွားတာရော အိမ်ကိစ္စတွေနဲ့အချိန်မပေးနိုင်တာတွေရောကြောင့်ပါ ။ ချစ်တို့ကိုလည်း mesg တွေ reply မလုပ်နိုင်ခဲ့ပါဘူး ။ အဲ့ဒါကိုပြန်အစားပေးချင်လို့ ဒီလကိုတော့ အထူးစပါယ်ရှယ် ကဏ္ဏလေးနဲ့စဖွင့်ပါမယ် ။ ဘာလေးလည်းဆိုတော့ “ခေါင်းအစခြေအဆုံး Skincare BodyCare ပစ္စည်းလေးတွေ review ” ပါ ။ တစ်ပတ်လုံးဆက်တိုက်နေ့စဉ်တင်မှာမို့ သေချာစောင့်ကြည့်စေချင်ပါတယ် ။
ဒီလအတွက်နောက်ထက်ထူးခြားတာက အခုတစ်လောအာရုံစိုက်မိတဲ့ Korean Product လေးတွေကိုပဲ ရွေးချယ်ရေးသားပေးမှာပါ ။ Quality လည်းကောင်း ဈေးကလည်းလူတိုင်းတတ်နိုင်တဲ့အနေအထားရှိတဲ့ product လေးတွေကိုပဲရွေးချယ်ထားပါတယ် ။ ပစ္စည်းတွေကိုတော့ ရန်ကုန်တစ်မြို့လုံးပတ်ဝယ်ဖို့ အချိန်မပေးနိုင်တာကြောင့် ဝယ်နေကျပစ္စည်းအကုန်ရတဲ့ beauty chain store “Beauty Diary” မှာပဲဝယ်ယူအားပေးခဲ့ပါတယ် ။ ဒီနေ့ညနေကစလို့ post လေးတွေတင်မှာမို့ ချစ်လေးတို့ သေချာကြည့်ပေးဖို့မမေ့ပါနဲ့နော် ။ ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် ။
#phyodaybyday